အဘူဘာကာက အသင်းကနေ ထွက်ခွာခွင့်ပေးရမယ့် ကစားသမားကို ဆုံးဖြတ်ရာမှာ သိသာထင်ရှားတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တာဖြစ်ပါတယ်။

ကင်မရွန်းတိုက်စစ်မှူး ဗင်းဆင့် အဘူဘာကာဟာ လီယွန်နယ် မက်ဆီက ပိုမိုကောင်းမွန်တဲ့ကစားသမားဆိုတာကို အမြဲတမ်း သိနေခဲ့တယ်လို့ ပြောကြားပြီး အယ်လ် နက်ဆာကစားသမားသစ် ရော်နယ်လ်ဒိုကို အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ပါတယ်။

အဘူဘာကာဟာ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ရောက်ရှိလာမှုကြောင့် အယ်လ် နက်ဆာအသင်းကို စွန့်ခွာရတော့မယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး ဆော်ဒီ ပရိုလိဂ်ရဲ့ စည်းမျဉ်းအရ အသင်းတစ်သင်းဟာ နိုင်ငံခြားသားကစားသမား ၈ ဦးအထိသာ အများဆုံး လူစာရင်းထဲမှာ ထည့်သွင်းခွင့်ရှိတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကို ပြီးခဲ့တဲ့လကုန်မှာ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီးနောက် အယ်လ် နက်ဆာအသင်းဟာ ပေါ်တူဂီကြယ်ပွင့်ကို အသင်းကစားသမားအဖြစ် စာရင်းသွင်းနိုင်ဖို့ နိုင်ငံခြား ကစားသမားတွေထဲက တစ်ဦးကို ရောင်းထုတ်တာ သို့မဟုတ် အငှားချဖို့ လိုအပ်ခဲ့တာဖြစ်ပြီး အဘူဘာကာက အသင်းကနေ ထွက်ခွာခွင့်ပေးရမယ့် ကစားသမားကို ဆုံးဖြတ်ရာမှာ သိသာထင်ရှားတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဘူဘာကာဟာ အယ်လ်နက်ဆာအသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့အတွက် အပြန်အလှန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ကြီးမားတဲ့ လျော်ကြေး ရရှိသွားတော့မှာ ဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး အယ်လ် နက်ဆာကို မစွန့်ခွာမီ ကင်မရွန်းတိုက်စစ်မှူးက ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် အနာကျင်ဆုံးစကားဖြစ်တဲ့ လီယွန်နယ် မက်ဆီက ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ Mundo Derportivo ရဲ့ ဖော်ပြချက်အရ အဘူဘာကာဟာ လက်ရှိမှာတော့ ၎င်းရဲ့ အတွေ့အကြုံအရ လီယွန်နယ် မက်ဆီဟာ ရော်နယ်လ်ဒိုထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဆိုတာကို သိခဲ့ရပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော် အမြဲတမ်း ထင်ခဲ့တာက မက်ဆီက ရော်နယ်လ်ဒိုထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်ခဲ့တယ်ဆိုတာပါ။ ဒါပေမယ့် ကျွန်တော် သူ(ရော်နယ်လ်ဒို)နဲ့အတူ လေ့ကျင့်ရေး ပြုလုပ်ခဲ့ပြီးနောက်မှာ ကျွန်တော် ထင်တာ မှန်ကန်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က