ပရိသတ်တွေကို ဘလွန်ဒေါ ၅ ဆုရှင်ရဲ့ အသင်းသစ်အတွက် ပထမဆုံးပွဲစဉ်ကို အတွင်းကျကျသိရှိအောင် နောက်ကွယ်က မြင်ကွင်းတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို တင်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ တရားဝင် အယ်လ်နက်ဆာ ပွဲဦးထွက် နောက်ကွယ်က ဗီဒီယိုဖိုင်ထဲမှာ ပေါ်တူဂီဂန္တဝင်က ဘယ်လောက်အထိ ခေါင်းဆောင်ပီသလဲဆိုတာကို ပြသခဲ့ပါတယ်။

နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာပြီးကတည်းက တစ်ကမ္ဘာလုံးက ရော်နယ်လ်ဒို နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းက ဘယ်အသင်းလဲဆိုတာကို စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ ရက်သတ္တပတ်များစွာ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလအစမှာ ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းကို ကြီးမားတဲ့ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့အပတ်မှာ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ရီယက်ဒ်ကြယ်စင်စုအသင်းအတွက် ပါဝင်ကစားပေးခဲ့ရာမှာ ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ အယ်လ်နက်ဆာအသင်းအတွက် တရားဝင်ပွဲဦးထွက်ပွဲစဉ်ကို အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး အန်ဒါဆန် တာလစ်စ်ကာက အယ်လ် အက်တီဖတ်ကို ၁-၀ နဲ့ အနိုင်ရရှိစေမယ့် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။



ပွဲအပြီးမျာ ရော်နယ်လ်ဒိုရဲ့ အသင်းသစ်က ပရိသတ်တွေကို ဘလွန်ဒေါ ၅ ဆုရှင်ရဲ့ အသင်းသစ်အတွက် ပထမဆုံးပွဲစဉ်ကို အတွင်းကျကျသိရှိအောင် နောက်ကွယ်က မြင်ကွင်းတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို တင်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပွဲမကစားခင် အသင်းဖော်တွေကို အားပေးစကား ပြောကြားနေခဲ့တာကို မြင်တွေ့ခဲ့ရပြီး 'လုပ်ကြစမ်းပါ ကောင်လေးတွေ။ သွားကြစို့။ အနိုင် ၃ မှတ်ကို ယူကြမယ်"လို့ ပြောကြားခဲ့တာကို ကြားခဲ့ရပါတယ်။

ပွဲအပြီးအင်တာဗျူးအတွင်းမှာ အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာက ကစားသမားတွေကို အချိန်တိုင်း ရော်နယ်လ်ဒိုဆီကို ဘောလုံးပေးပို့ဖို့ ကြိုးပမ်းနေမယ့်အစား ပုံမှန်အတိုင်းသာ ကစားကြဖို့ တောင်းဆိုခဲ့ပါတယ်။ "ကစားသမားတွေအတွက် ပုံမှန်ကစားပြီး ခရစ္စတီယာနိုဆီကိုပဲ အမြဲတမ်း ဘောလုံးပေးပို့ဖို့ ကြိုးပမ်းမနေဖို့က အရမ်း အရေးကြီးပါတယ်။ ဒီည ကျွန်တော်တို့မှာ တစ်ခါတရံ ဖြတ်တင်ပေးပို့ဖို့ အနေအထားကောင်းတွေရခဲ့ပေမယ့်လည်း ပင်နယ်တီဧရိယာထဲမှာ လူလုံလုံလောက်လောက် မရှိခဲ့ဘဲ တစ်ခါတလေ ရော်နယ်လ်ဒိုလည်းမရှိဘူး။ တာလစ်စ်ကာလည်း မရှိပါဘူး"


"ကျွန်တော်တို့ အဲဒီအပေါ်မှာ အလုပ်လုပ်ဖို့ လိုအပ်ပြီး ပင်နယ်တီဧရိယာထဲမှာ သူတို့ထဲကတစ်ယောက်ရှိနေဖို့နဲ့ တခြားတစ်ယောက်က ပင်နယ်တီဧရိယာအပြင်ဘက်က ကစားဖို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က