ပွဲအပြီးမှာတော့ အသင်းဖော်တွေက ပရိသတ်တွေနဲ့ အောင်ပွဲခံနေချိန်မှာ ပေါ်တူဂီအသင်းခေါင်းဆောင်က ကွင်းထဲကနေ တန်းထွက်သွားခဲ့တယ်လို့ ဗီဒီယိုဖိုင်တွေက ပြသခဲ့ကြတာဖြစ်ပါတယ်။

အသစ်ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်ကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်အပြီးမှာ ဥမင်လျှောက်လမ်းထဲမဆင်းခင် ပေါ်တူဂီပရိသတ်တွေကို လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပေါ်တူဂီအသင်းရဲ့ စံချိန်တင်သွင်းဂိုးရှင် အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ည ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အငြင်းပွားဖွယ် ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး တောင်ကိုရီးယားကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲမှာ လူစားလဲလှယ်ခံရပြီးနောက် ဒေါသတကြီး တုံ့ပြန်ခဲ့မှုအတွက် နည်းပြ ဆန်းတို့စ်က ချန်လှပ်ခဲ့တာလို့ စွပ်စွဲမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာဟာ ပွဲဗျူဟာသက်သက်သာ ဖြစ်တယ်လို့ ရှင်းလင်းခဲ့ပြီး အမှန်တကယ်လည်း ရော်နယ်လ်ဒိုရဲ့နေရာမှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်က အံ့အားသင့်ဖွယ် ဟက်ထရစ်သွင်းဂိုး သွင်းယူပြခဲ့တာဖြစ်ပါတယ်။



ရော်နယ်လ်ဒိုဟာ ပွဲကစားချိန် ၇၃ မိနစ်မှာ ဂျာအို ဖီလစ်ရဲ့ နေရာမှာ လူစားဝင် ကစားပေးခဲ့ပြီး ပွဲအပြီးမှာတော့ အသင်းဖော်တွေက ပရိသတ်တွေနဲ့ အောင်ပွဲခံနေချိန်မှာ ပေါ်တူဂီအသင်းခေါင်းဆောင်က ကွင်းထဲကနေ တန်းထွက်သွားခဲ့တယ်လို့ ဗီဒီယိုဖိုင်တွေက ပြသခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ်လည်း အဲဒီဗီဒီယိုဖိုင်တွေက ဖြစ်ရပ်မှန်ကို မပြောပြနိုင်ခဲ့တာဖြစ်ပြီး အခု ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အသစ်ထဲမှာ ရော်နယ်လ်ဒိုဟာ ကွင်းအတွင်းကနေ မထွက်ခွာခင်မှာ ပေါ်တူဂီပရိသတ်တွေကို လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့် ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ တစ်ဖက်သတ် မှားယွင်း စွပ်စွဲမှုတွေ ခံခဲ့ရတယ်ဆိုတာ ထင်ရှားသွားခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းအတွက် ရာမို့စ်၊ ပီပီ၊ ရာဖေးလ် ဂွါရဲရိုးနဲ့ ရာဖေးလ် လီအိုတို့အားလုံးက ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြချိန်မှာ ဆွစ်ဇာလန်အတွက် နှစ်သိမ့်ချေပဂိုးကို အကန်းဂျိက ထောင့်ကန်ဘောကနေတဆင့် ပိတ်သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းဟာ စနေနေ့မှာ မော်ရိုကိုအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က