ရီယို ဖာဒီနန်က ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပြီး ပျော်ရွှင်မှုကို ရှာဖွေသွားတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ်လောက် ရရှိချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပြီး အသက် ၄၀ အထိ ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်းရှိတယ်လို့ မကြာသေးမီက ပြောကြားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေအားလုံးက ဘလွန်ဒေါ ၅ ဆုရှင်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ကြယ်ပွင့်ဟောင်းဟာ ထိပ်တန်းအသင်းကြီးတစ်သင်းကို ပြောင်းရွှေ့နိုင်ဖို့ အခွင့်အရေးပိုမို တိုးမြင့်အောင် ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ထင်သလို ဖြစ်မလာခဲ့ဘဲ ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာပဲ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်လ်ဒိုဟာ ရွေးချယ်စရာမရှိဖြစ်ခဲ့ရပြီး ဆော်ဒီ အာရေဗျကလပ် အယ်လ်နက်ဆာနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုဖို့သာ ရွေးချယ်ခဲ့ရတာဖြစ်ပြီး ပေါင်သန်း ၃၅၀ တန်ကြေးရှိတဲ့ သဘောတူညီမှုဖြစ်တယ်လို့ သိရပါတယ်။ 

ရော်နယ်လ်ဒိုရဲ့ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့မှုဟာ တုံ့ပြန်မှုအများအပြား ရရှိခဲ့ပြီး ဝေဖန်မှုတွေက အများဆုံးဖြစ်ခဲ့ပေမယ့်လည်း မန်ယူနိုက်တက်အသင်းဖော်ဟောင်း ဖာဒီနန်က ဒီအပြောင်းအရွှေ့ဟာ စွန့်စားခန်းအသစ်အဖြစ် ရှုမြင်ထားပြီး ၎င်းရဲ့အမွေအနှစ်တွေကို ဖြန့်ဝေပေးနိုင်ဖို့ အခွင့်အရေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


"ကျွန်တော် သူ နောက်ဆုံးမှာ ပျော်ရွှင်ခဲ့တဲ့အတွက် စိတ်ကျေနပ်မိပါတယ်။ ဘယ်လို အဆင့်အတန်းမျိုးမှာရှိတဲ့ ဘယ်လိုဘောလုံးသမားမျိုးမဆို ခင်ဗျား ကစားနေတဲ့အချိန်မျာ ပျော်ရွှင်မှု ရှိရမယ်။ ခင်ဗျား ကစားနေတဲ့ ပတ်ဝန်းကျင်မှာ ပျော်ရွှင်ဖို့က အရေးအကြီးဆုံးအရာတွေတစ်ခုက တစ်ခုပါ။ သူ မပျော်ခဲ့တာ ကြာခဲ့ပါပြီ။ အဲဒီတော့ ကျွန်တော် သူ အဲဒီပျော်ရွှင်မှုကို ရှာတွေ့တော့မှာကို စိတ်ကျေနပ်မိပါတယ်။ သူ ပြောင်းရွှေ့ဖို့ လူတွေအများစု မမျှော်မှန်းထားတဲ့ နိုင်ငံဖြစ်နေပေမယ့်လည်းပေါ့။ ဒါပေမယ့်လည်း ဆော်ဒီ အာရေဗျကို သွားပြီး ယှဉ်ပြိုင်မှုရှိတဲ့ လိဂ်အသစ်မှာ ကစားရမှာက သူ့အတွက် စွန့်စားခန်းဖြစ်ပါလိမ့်မယ်"

"ကျွန်တော် လူတွေ မှတ်ချက်ပေးတာကို ကြည့်ခဲ့မိပြီး ဘောလုံးဝေဖန်သူအနည်းငယ်က သူ ထွက်သွားရတာက ဝမ်းနည်းစရာလို့ ပြောကြတယ်။ ဝမ်းနည်းစရာကောင်းတဲ့တစ်ခုတည်းသောအရာက မန်ယူနိုက်တက်မှာ သူ အဆုံးသတ်ခဲ့တဲ့ပုံစံပါ။ နှစ်တော်တော်များများကြာရင် သူ ပြန်ကြည့်ပြီး အဲဒီတုန်းက မတူညီတဲ့ပုံစံနဲ့ ကိုင်တွယ်ခဲ့ရမှာလို့ တွေးမိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဒီ စာမျက်နှာသစ်မှာ ဆော်ဒီကိုသွားတာက သူ့ရဲ့ ကစားသမားကို ဘယ်လိုဖြစ်ပြီး ဝမ်းနည်းစရာအဆုံးသတ်တဲ့ပုံစံဖြစ်နိုင်မှာလဲ။ လူတွေ ဘယ်လိုလုပ်ပြီး အဲဒီလို ပြောနေကြလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က