ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပွဲအစောပိုင်းတုန်းက ရရှိခဲ့တဲ့ ပွန်းပဲ့ဒဏ်ရာကို ညွှန်ပြခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့အတူ ချစ်ခင်ရင်းနှီးစွာ စကားတွေ ပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ရီယက်ဒ် ကြယ်စင်စုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူစင်စစ်မှ ဟုတ်ရဲ့လားဆိုတာ စမ်းသပ်နေပုံပေါ်တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုလအစောပိုင်းမှာ အရှေ့အလယ်ပိုင်းကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ရီယက်ဒ် ကြယ်စင်စုအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်နဲ့ ဦးဆောင်ကစားခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က ပထမပိုင်း ၃ မိနစ်မှာပဲ နေမာရဲ့အလွန်ကောင်းမွန်တဲ့ပေးပို့မှုကနေ အကောင်းဆုံးအဆုံးသတ်ပြီး အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ရော်နယ်လ်ဒိုဟာ အယ်လ်နက်ဆာကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံးသွင်းဂိုးအဖြစ် ၎င်းကိုယ်တိုင် ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အသင်းခေါင်းဆောင် မာကင်ညို့စ်ကြောင့် ဦးဆောင်ဂိုး ပြန်လည်ရရှိသွားခဲ့ပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပထမပိုင်းမပြီးခင် တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့ပြန်တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ရီယက်ဒ် ကြယ်စင်စုအသင်းတို့ရဲ့ ဒုတိယပိုင်းဟာ ပိုလို့တောင် ပြင်းထန်ခဲ့ပြီး နောက်ဆုံးမှာတော့ ၅-၄ နဲ့ ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေက အနိုင်ရရှိပြီး ပွဲပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက လူသားစင်စစ်မှ ဟုတ်ရဲ့လားဆိုတာကို စစ်ဆေးခဲ့တဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီး ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ပွဲအစောပိုင်းတုန်းက ရရှိခဲ့တဲ့ ပွန်းပဲ့ဒဏ်ရာကို ညွှန်ပြခဲ့တဲ့ ရော်နယ်လ်ဒိုနဲ့အတူ ချစ်ခင်ရင်းနှီးစွာ စကားတွေ ပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။



ပြီးတဲ့နောက်မှာ အမ်ဘာပေက ရော်နယ်လ်ဒိုရဲ့ မျက်နှာကို လက်နဲ့ ကိုင်တွယ် စမ်းသပ်ခဲ့ပြီး ပရိသတ်တွေက ပြင်သစ်တိုက်စစ်မှူးဟာ ပေါ်တူဂီဂန္တဝင်က လူသားစင်စစ်ဟုတ်ရဲ့လားဆိုတာကို စစ်ဆေးခဲ့တာဖြစ်လိမ့်မယ်လို့ ထင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ "အမ်ဘာပေက ရော်နယ်လ်ဒိုက လူသားဟုတ်၊ မဟုတ်ဆိုတာကို စစ်ဆေးနေတာ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "GOAT အသေးစားလေးက သူ့ရဲ့ ပြိုင်ဘက်ကို စစ်ဆေးနေတယ်။ အဲဒါကို ခင်ဗျား မြင်ရတာ နှစ်သက်မိမှာပါ"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က