အသင်းကို အံ့အားသင့်ဖွယ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးနေတဲ့ အဲရစ် တန်ဟက်တောင်မှ ဝေဖန်မှုတွေကနေ မရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပီးယာ့စ် မော်ဂန်က လီဗာပူးလ်နဲ့ပွဲစဉ်ကလိုမျိုး ရစရာမရှိအောင် ဆိုးရွားတဲ့ ရလဒ်၊ စွမ်းဆောင်ရည်နဲ့ဆိုရင် မန်ချက်စတာယူနိုက်တက်နည်းပြတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ ဆက်ပြီး ရှင်သန်နိုင်မလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာပဲ တနင်္ဂနွေနေ့မှာ မိုဟာမက်ဆာလား(၂ ဂိုး)၊ ဒါဝင် နူးညက်ဇ်( ၂ ဂိုး)၊ ကိုဒီ ဂက်ခ်ပို(၂ ဂိုး)၊ ဖာမီနိုတို့ရဲ့သွင်းဂိုးတွေကြောင့် အသင်းသက်တမ်း ၁၄၅ နှစ်အတွင်း အဆိုးရွားဆုံးရှုံးပွဲတွေထဲက တစ်ပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ရွိုင် ကီးန်၊ ဂယ်ရီ နဗီး၊ ပေါလ် စခိုးတို့လို ကစားသမားဟောင်းတွေက အသင်းရဲ့ အရှက်ရဖွယ် စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး အသင်းကို အံ့အားသင့်ဖွယ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးနေတဲ့ အဲရစ် တန်ဟက်တောင်မှ ဝေဖန်မှုတွေကနေ မရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။



ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့ အဲရစ် တန်ဟက်အနေနဲ့ ဒီလိုမျိုး အရှက်ရစရာ ရှုံးပွဲအပြီး အိုးထရက်ဖို့ဒ်က နည်းပြအလုပ်ကို ဆက်လက် တာဝန်ထမ်းဆောင်ဖို့ ထိုက်တန်ရဲ့လားလို့ ဂျာနယ်လစ်နဲ့ ရုပ်သံတင်ဆက်သူ ပီးယာ့စ် မော်ဂန်က မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ မော်ဂန်က တနင်္လာနေ့ နံနက်မှာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ "တန်ဟက်က နုတ်မထွက်သေးဘူးလား။ ဒီလို ဆိုးရွားပြီး ကပ်ဆိုးလိုမျိုး ရလဒ်၊ စွမ်းဆောင်ရည်မျိုးနဲ့ ဘယ်လို မန်ချက်စတာယူနိုက်တက်နည်းပြမျိုးက ဆက်ပြီး ရှင်သန်ကျန်ရစ်နိုင်ခဲ့လို့လဲ"လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က