မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အဲရစ် တန်ဟက်ဟာ ယခုနွေရာသီမှာ ထိပ်တန်း ကျောနံပါတ် ၉ ကစားသမားကို ခေါ်ယူဖို့အတွက် ဈေးကွက်ထဲမှာ ရှာဖွေနေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ တိုက်စစ်မှာ ရွေးချယ်စရာ နည်းပါးနေခဲ့တာဖြစ်ပါတယ်။ စပါးစ်တိုက်စစ်မှူး ဟာရီ ကိန်းက တန်ဟက်ရဲ့ ထိပ်တန်းရွေးချယ်မှုအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန်တိုက်စစ်မှူးကို တော့တင်ဟမ်ဟော့စပါးဥက္ကဌ လီဗိုင်းက မြောက်လန်ဒန်မှာ ဆက်နေစေချင်တာကြောင့် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ အောက်ကို လျှော့ပေးမှာမဟုတ်တာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ဟာ နာပိုလီကြယ်ပွင့်တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့ပြီး ကစားသမားက မကြာသေးမီကမှ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ဂျီးရီးယားကြယ်ပွင့်အတွက်လည်း ကြီးမားတဲ့ ငွေကြေးပမာဏ သုံးစွဲသွားရမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး နာပိုလီအသင်းက အိုဆီမန်အတွက် ပေါင် ၈၉ သန်းနဲ့အထက် လိုချင်နေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ တန်ဟက်က ၎င်းရဲ့ အာရုံကို ခရစ္စတီယာနို ရော်နယ်လ်ဒိုလက်သစ်လို့ သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်အပေါ် ပြောင်းလဲလိုက်ပြီဖြစ်တယ်လို့ သိရပြီး မန်ယူနိုက်တက်ဟာ စူပါအေးဂျင့် ဂျော့ဂျ် မန်ဒက်စ်နဲ့ နောက်တဆင့်တက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Correio da Manha က ဖော်ပြခဲ့ပါတယ်။