၂ ဦးစလုံးနဲ့ အတူတူတွဲကစားဖူးသူပါ။

ဘာစီလိုနာဝါရင့်နောက်ခံကစားသမား ဂျရတ် ပီကေးက လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကြားက တသက်တာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ ငြင်းခုံမှုကို အလွန်ကောင်းမွန်တဲ့ အဖြေနဲ့ အဆုံးသတ်ပေးခဲ့ပါတယ်။

ပီကေးဟာ ၎င်းရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ရော လီယွန်နယ် မက်ဆီနဲ့ပါ ကစားခဲ့ဖူးသူဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်နဲ့ မန်ချက်စတာယူနိုက်တက်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ပီကေးဟာ လီယွန်နယ် မက်ဆီနဲ့လည်း ဘာစီလိုနာအသင်းမှာ အတူတူ အောင်မြင်မှုတွေ ရယူခဲ့တဲ့သူဖြစ်တာကြောင့် ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့နဲ့့ပတ်သက်တဲ့ အငြင်းအခုံကို ကောင်းကောင်း အဖြေပေးနိုင်စွမ်း ရှိနေတာဖြစ်ပါတယ်။



ပီကေးဟာ ဘောလုံးလောကရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ မေးခွန်းကို မယုံနိုင်ဖွယ် သံတမန်ဆန်ဆန် တုံ့ပြန်ခဲ့ပြီး မက်ဆီက လူသားမဟုတ်ဘဲ ရော်နယ်လ်ဒိုက လူသားတွေထဲမှာ အကောင်းဆုံးလို့ ပြောကြားခဲ့ပါတယ်။

"သူတို့ ၂ ယောက်စလုံးက အရမ်းအံ့အားသင့်စရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကစားသမား ၂ ဦးအကြောင်း ပြောနေတာပါ။ ကမ္ဘာပေါ်မှာတင်မဟုတ်ဘဲ ဒီ အားကစားသမိုင်းမှာပါ အကောင်းဆုံး ကစားသမား ၂ ဦးပါ"

"ကျွန်တော် အမြဲတမ်း ပြောခဲ့တာက မက်ဆီဟာ ဘယ်သူမှ မရှိတဲ့ ပါရမီအချို့ ရှိနေတယ်ဆိုတာပါ။ ကျွန်တော် ဆိုလိုတာက သူ့မှာ ဘောလုံးရှိနေပြီး သူ့ရဲ့ ဘောလုံးကို ထိန်းချုပ်တဲ့မြန်နှုန်းပါ။ ဘောလုံးက သူ့ခြေထဲက ၂ မီတာအပြင်ကို မထွက်ဘူး။ အမြဲတမ်း ကပ်နေတာပါ။ အဲဒါက သူ့ကို လိုက်လုဖို့ မဖြစ်နိုင်ဘူး။ ဒီပါရမီကတော့ ဘယ်သူ့ဆီမှာမှ ကျွန်တော် မမြင်ခဲ့တဲ့အရာပါ"

"ခရစ္စတီယာနို ရော်နယ်လ်ဒိုက တော်တော်လေး ကွဲပြားခြားနားတဲ့ကစားသမားပါ။ သူတို့တွေက အရမ်း ကွာခြားကြပါတယ်။ သူက အရပ်ရှည်တယ်။ သန်မာတယ်။ သူက တကယ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်။ သူ ဘာမဆို လုပ်နိုင်တယ်။ သူ ခေါင်းတိုက်ပြီး ဂိုးသွင်းနိုင်တယ်။ အလွတ်တည်ကန်ဘော၊ ပင်နယ်တီ၊ တစ်ယောက်ချင်း ဂိုးသွင်းနိုင်တယ်"

"ဒါပေမယ့် ကျွန်တော့်အတွက်တော့ မက်ဆီက လူသားမဟုတ်တဲ့သူလိုမျိုးပဲ။ ဒါပေမယ့် ခရစ္စတီယာနိုကတော့ လူသားတွေထဲက အကောင်းဆုံးပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က