မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို ရရှိခဲ့တာကြောင့် တသက်တာအကောင်းဆုံးကစားသမားအဖြစ် လက်ရှိမှာ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်း ခံနေရတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ လှပတဲ့ ဘောလုံးပြိုင်ပွဲကို ထွန်းလင်းစေခဲ့တဲ့ အကောင်းဆုံးကစားသမားတွေထဲ ၂ ဦးဖြစ်ပါတယ်။

မေးခွန်းထုတ်စရာရှိတာက ဒီကစားသမား၂ ဦးထဲက ဘယ်သူက ပိုကောင်းမွန်လဲဆိုတာဖြစ်ပြီး ကမ္ဘာတလွှားက ပရိသတ်တွေကြားမှာ ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ အငြင်းအခုံဖြစ်လာခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ အောင်မြင်မှု ရရှိခဲ့ပြီးနောက် ကစားသမားဘဝဟာ ပြီးပြည့်စုံသွားခဲ့တာဖြစ်ပြီး ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပီအက်စ်ဂျီကြယ်ပွင့်က သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားမှော်ဆရာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲက ၎င်းရဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ကြောင့် ကစားသမားဘဝမှာ ဒုတိယအကြိမ်မြောက် ရွှေဘောလုံးဆုရှင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ရော်နယ်လ်ဒိုဟာ ကစားသမားဘဝမှာ ကမ္ဘာ့ဖလားကို တစ်ကြိမ်မှ အနိုင်ရရှိခဲ့ဖူးခြင်းမရှိဘဲ ၂၀၀၆ ကမ္ဘာ့ဖလားတုန်းက ပေါ်တူဂီနဲ့အတူ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာက အကြီးမားဆုံး အောင်မြင်မှု တစ်ခု ဖြစ်ခဲ့တာ ဖြစ်ပေမယ့်လည်း ပေါ်တူဂီဂန္တဝင်ဟာ ချန်ပီယံလိဂ်ဖလားကို ပိုမိုရရှိထားခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ စုစုပေါင်း ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ချိန်မှာ လီယွန်နယ် မက်ဆီက ၄ ကြိမ် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး ၁၄၀ နဲ့ ထိပ်တန်းဂိုသွင်းရှင်အဖြစ် ရပ်တည်နေပြီး လီယွန်နယ် မက်ဆီက ၁၂၉ ဂိုးနဲ့ ဒုတိယ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝတလျှောက် ဘလွန်ဒေါဆုကို ၇ ကြိမ်အထိ စံချိန်တင် အနိုင်ရရှိထားခဲ့တာဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ၅ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ဘောလုံးသမိုင်းတလျှောက်မှာ ၈၂၄ ဂိုးနဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပေမယ့် မက်ဆီကလည်း ၈၀၂ ဂိုးနဲ့ မလှမ်းမကမ်းကနေ အမီလိုက်နေတာဖြစ်ပါတယ်။


ပေါ်တူဂီဂန္တဝင်ဟာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ သွင်းဂိုး ၁၁၈ ဂိုး၊ ကလပ်အသင်းအဆင့်မှာ ၇၀၆ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီး လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို ရရှိခဲ့တာကြောင့် တသက်တာအကောင်းဆုံးကစားသမားအဖြစ် လက်ရှိမှာ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်း ခံနေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူအချို့ရဲ့ မှတ်ဉာဏ်ထဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက တသက်တာအကောင်းဆုံးကစားသမားအဖြစ် ရှိနေမှာဖြစ်ပြီး နှစ်ဦးစလုံးက ကြီးကျယ်ခမ်းနားတဲ့ကစားသမားတွေဖြစ်တာကြောင့် ဘယ်သူက ပိုမိုကောင်းမွန်တဲ့ကစားသမားလဲဆိုတာကို ရွေးချယ်ဖို့က ပရိသတ်တွေရဲ့ အကြိုက်နဲ့သာ ဆိုင်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က