ရော်နယ်လ်ဒိုရဲ့ နောက်ဆုံးအပြောင်းအရွှေ့အပြီးမှာ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကြား အားပြိုင်မှုကို နောက်ထပ်တစ်ကြိမ် ထပ်မံမြင်တွေ့ရဖွယ် ရှိနေပါတယ်။

ဘောလုံးပရိသတ်တွေအနေနဲ့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နောက်ဆုံးအပြောင်းအရွှေ့အပြီးမှာ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကြား အားပြိုင်မှုကို နောက်ထပ်တစ်ကြိမ် ထပ်မံမြင်တွေ့ရဖွယ် ရှိနေပါတယ်။

ကောလဟလတွေ ရက်သတ္တပတ်များစွာ ထွက်ပေါ်ခဲ့ပြီးနောက် သောကြာနေ့ညနေမှာ ဘလွန်ဒေါ ၅ ဆုရှင် ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့အတည်ပြု ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်အချို့ဟာ ပေါ်တူဂီကြယ်ပွင့်ကို အမြင့်မားဆုံးအဆင့်အတန်းမှာ ဆက်လက်ကစားတာကို မြင်တွေ့ရဖို့ မျှော်လင့်ခဲ့ကြတာကြောင့် ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့ကြမှာ ဖြစ်ပါတယ်။

ကြီးမားတဲ့ချန်ပီယံလိဂ်ကလပ်အသင်းကို ပြောင်းရွှေ့မှုက အသက် ၃၇ နှစ်အရွယ် ကစားသမားအတွက် အမှန်တကယ်ဖြစ်မြောက်လာခဲ့ခြင်းမရှိဘဲ ရလဒ်အနေနဲ့ အရှေ့အလယ်ပိုင်းမှာ ကစားသမားဘဝကို ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့တစ်စုံတရာကို စောင့်မျှော်နေပုံပေါ်ပြီး ပီအက်စ်ဂျီအသင်းဟာ ဇန်နဝါရီလမှာ ရာသီလယ် ခြေစမ်းပွဲအဖြစ် ဆော်ဒီ အာရေဗျကို ခရီးထွက်ခွာမယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။



ပီအက်စ်ဂျီအသင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေဟာ အယ်လ်နက်ဆာနဲ့ အယ်လ်-ဟီလာလ်အသင်းက ကစားသမားတွေ ပေါင်းထားတဲ့ ၁၁ ဦး ဖြစ်ဖို့ များနေတာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေဟာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကြား အားပြိုင်မှုကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရနိုင်တယ်လို့ ယုံကြည်နေပြီး လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။ "ဒီကိစ္စက ဒစ်စနီရုပ်ရှင်ကားတွေထဲကလိုမျိုးပဲ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး "ဒီပွဲကို ငါတော့ မစောင့်ဆိုင်းနိုင်တော့ဘူး"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က