တစ်ဦးချင်းအရဆိုရင် ရော်နယ်လ်ဒိုက ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်တာဗျူးမှာ အာဆင်နယ်ဂန္တဝင် အီမန်နျူရယ် ပီတစ်က လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကြား ရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟောင်းက မက်ဆီဟာ ဘောလုံးရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုမှာ ရှိတဲ့ ခေါင်းဆောင်မှုအရည်အချင်းတော့ မရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၄ ပွဲမှာ ၁ ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်မှာ ပြင်သစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အိုက်စလန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကို လွဲချော်ခဲ့တာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ရော်နယ်လ်ဒိုကတော့ စပိန်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး မော်ရိုကိုအသင်းကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဥရုဂွေးကို ၂-၁ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့်လည်း တစ်ဦးချင်းအရဆိုရင် ရော်နယ်လ်ဒိုက ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အုပ်စုပွဲစဉ် ၂ ပွဲ ကစားပြီးနောက်မှာ ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပီတစ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီ အငြင်းအခုံမှာ ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ "သူက(မက်ဆီ) ခေါင်းဆောင်မဟုတ်ပါဘူး။ သူက အဲဒီအပိုင်းမှာတော့ ရော်နယ်လ်ဒိုလိုမဟုတ်ပါဘူး။ မက်ဆီက တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ ဒါပေမယ့် သူ စိတ်ဓာတ်ပိုင်းအရ ပြသဖို့ လိုအပ်ပါတယ်။ သူ နိုးထဖို့ လိုပါတယ်။ ဘာစီလိုနာနဲ့အတူ အရာအားလုံးက အဆင်ပြေပြေဖြစ်နေတဲ့အချိန်ကျရင် သူက ကြောက်မက်ဖွယ်ကောင်းတဲ့ကစားသမားပါ"


"ကျွန်တော်တု့ိ အဲဒါကို ချန်ပီယံလိဂ်မှာ မြင်ခဲ့ရပါတယ်။ အရာအားလုံးက ကောင်းကောင်းမဖြစ်လာတဲ့အခါမှာ သူက ကွင်းထဲမှာ ပျောက်သွားတယ်။ သူ အဲဒီမှာ ရှိမနေတော့ဘူး။ သူ မပြေးလွှားဘူး။ သူ လမ်းလျှောက်နေတယ်။ သူက ဘောလုံးနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူး။ လုပ်စမ်းပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က