ဆန်းတို့စ်ကလည်း လက်ရှိမှာ အင်္ဂါနေ့တုန်းက ၎င်းတို့ ၂ ဦးကြား ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဖြေရှင်းလိုက်ပြီဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ပွဲမထွက်ရလို့ မပျော်ရွှင်ခဲ့ပေမယ့်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့တယ်လို့ ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ဆွစ်ဇာလန်နဲ့ပွဲမှာ ရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင်နဲ့ ပြဿနာတက်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ဘယ်တုန်းကမှ ကမ္ဘာ့ဖလားကို စွန့်ခွာဖို့ မခြိမ်းခြောက်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကလည်း ရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မတိုင်မီ နာရီအနည်းငယ်အလိုမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အချင်းများခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဆန်းတို့စ်ကလည်း လက်ရှိမှာ အင်္ဂါနေ့တုန်းက ၎င်းတို့ ၂ ဦးကြား ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဖြေရှင်းလိုက်ပြီဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ပွဲမထွက်ရလို့ မပျော်ရွှင်ခဲ့ပေမယ့်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့တယ်လို့ ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဟုတ်ပါတယ်။ ကျွန်တော်တို့ စကားပြောခဲ့တယ်။ ကျွန်တော်တို့ ဒီလို စကားမပြောခဲ့ရင် အဲဒါက အရမ်းကို ဆိုးရွားပါလိမ့်မယ်။ ကျွန်တော် လက်ရွေးစင်အသင်းကို တာဝန်ယူခဲ့တဲ့အချိန်ကတည်းက စကားပြောခဲ့ပြီး ကစားသမားတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ အဲဒါက သာမန်ဖြစ်ပြီး ကျွန်တော့်နည်းပြဘဝတလျှောက်လုံး အမြဲတမ်းလုပ်ခဲ့တဲ့အရာပါ။ မတူညီတဲ့ ချဉ်းကပ်ပုံရှိတဲ့ နည်းပြတွေ ရှိပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ ချဉ်းကပ်ပုံဖြစ်ပြီး ကစားသမားတွေကို စကားပြောပြီး သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်တယ်"

"ရော်နယ်လ်ဒိုနဲ့ စကားပြောဆိုမှုက ပြောဖို့ လိုအပ်လို့ ပြောခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့ ပုံမှန်လုပ်နေတဲ့ဟာတွေထဲက အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော် အဲဒါကို ကစားသမားအားလုံးနဲ့တော့ မလုပ်ပါဘူး(သူတို့ ချန်လှပ်ခံရတဲ့အခါ)။ ဒါပေမယ့် သူက ကျွန်တော်တို့ လူစာရင်းရဲ့အသင်းခေါင်းဆောင်ဖြစ်ပြီး ပေါ်တူဂီအသင်းနဲ့ ပေါ်တူဂီလူမျိုးတွေအတွက် ကိုယ်စားပြုရတာက ဘာလဲဆိုတာ ခင်ဗျား သိပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော် သူနဲ့ စကားပြောဖို့ လိုအပ်ခဲ့တယ်။ ကျွန်တော်တို့ ဒီစကားပြောဆိုမှုလုပ်ခဲ့တဲ့အချိန်က အဲဒီပွဲနေ့မှာပါ။ နေ့လယ်စာစားပြီးတဲ့အချိန်မှာပေါ့"

"အဲဒီမတိုင်ခင်ကျွန်တော် သူနဲ့ ဘာမှ မပြောခဲ့ပါဘူး။ တနင်္ဂနွေနေ့ရော တနင်္လာနေ့မှာပါ ဘာမှ မပြောခဲ့ဘူး။ ကျွန်တော် သူနဲ့ စကားပြောခဲ့တာက အဲဒီနေ့ပါပဲ။ ပွဲနေ့မှာပါ။ ကျွန်တော် ဘာကြောင့် သူမကစားရတာလဲဆိုတာကို ရှင်းပြခဲ့တယ်။ နေ့လယ်စာစားပြီးတော့ တွေ့တဲ့အချိန်မှာ သူ့ကို မအံ့သြသွားစေချင်လို့ သူက ပွဲထွက်ခွင့်ရကစားသမားတွေထဲက တစ်ဦး ဘာလို့မဖြစ်ခဲ့တာလဲဆိုတာ ရှင်းပြခဲ့တယ်။ ကျွန်တော့်ရုံးခန်းကို ဖိတ်ပြီး မင်း ပွဲထွက်ပါဝင်ရမှာမဟုတ်ဘူး။ မင်းက အရမ်းအရေးပါတယ်လို့ ငါထင်တယ်။ ဒါပေမယ့် နည်းဗျူဟာအရတော့ မင်း ကွင်းထဲမှာ မရှိတာက ပိုကောင်းတယ်လို့ ပြောခဲ့တယ်"


"ကျွန်တော်တို့ ဒီပွဲက ပိုပြီး ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့ပြီး ဒုတိယပိုင်းမှာ တကယ်လို့ လိုအပ်ရင် သူ့ကို ကယ်တင်စေချင်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို သာမန်ပဲ ပြောဆိုခဲ့ပြီး ကျွန်တော့် ကစားသမားတွေနဲ့ အမြဲတမ်း ပြောခဲ့တဲ့အတိုင်းပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က