မက်ဆီက အရာအားလုံးကို ရရှိခဲ့ပြီးသားလို့ ပြောခဲ့တာပါ။

လီယွန်နယ် မက်ဆီဟာ အယ်လ်ဟီလာလ်အသင်းကို ပြောင်းရွှေ့ပြီး ရော်နယ်လ်ဒိုနဲ့ ကြားက ယှဉ်ပြိုင်မှုကို အသက်ပြန်သွင်းနိုင်ပေမယ့်လည်း ဘာစီလိုနာကိုသာ ပြန်ဖို့ ဂျူနင်ညိုက အကြံပေးခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ အများအပြားရှိနေတာဖြစ်ပါတယ်။

 

လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ လီယွန်နယ် မက်ဆီကို စာချုပ်သက်တမ်းတိုးချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားထားပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်ဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီကို စွန့်ခွာနိုင်ခြေ မြင့်တက်လာနေတယ်လို့ သိရပြီး ပဲရစ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် ရွေးချယ်စရာတွေကလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

 

ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် ဟီလာလ်အသင်းဟာ မက်ဆီကို အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်လ်ဒို ရရှိနေတဲ့ လစာထက် ၂ ဆပိုမိုများပြားတဲ့ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

 

မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ အင်တာ မိုင်ယာမီအသင်းကလည်း အာဂျင်တီးနားဂန္တဝင်ကို ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ The Independent က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျူနင်ညိုက ပီအက်စ်ဂျီကြယ်ပွင့်အနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိတဲ့ ဆော်ဒီ အာရေဗျကို လိုက်မသွားဘဲ ဘာစီလိုနာအသင်းကိုပဲ ပြန်သင့်တယ်လို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

 

“သူက အရာအားလုံးမှာ အောင်မြင်မှု ရရှိခဲ့ပြီးပါပြီ။ သူက ကမ္ဘာ့ချန်ပီယံပါ။ ဒါပေမယ့် လူတိုင်းအတွက် အချိန်တွေက ကုန်လွန်သွားခဲ့ပြီလို့ ကျွန်တော် ထင်တယ်။ သူ့အတွက် အကောင်းဆုံးက ဘာစီလိုနာကို ပြန်တာလို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဘာစီလိုနာကို တူညီတဲ့ စာချုပ်နဲ့ ပြန်သွားတာက ပရိသတ်တွေနဲ့ အဆင်မပြေဖြစ်နိုင်တယ်။ သူသာ နောက်ထပ်စကားတစ်ခွန်း၊ ဒီနေ့ ဘာဆာရဲ့အခြေအနေကို ထည့်တွက်ထားတဲ့ စာချုပ်နဲ့ ဘာစီလိုနာကို နှလုံးသားနဲ့ ပြန်သွားခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်နိုင်တယ်။ ဆော်ဒီ ပရိုလိဂ်ကို လေးစားသမှုနဲ့ ဘာစီလိုနာကို ပြန်သွားတာက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဒါဘီအဖြစ် ရင်ဆိုင်တာထက် ပိုကောင်းပါတယ်။ အကောင်းဆုံးရွေးချယ်မှုက ဘာဆာကို ပြန်တာပဲ။  ဒါပေမယ့်လည်း ဇာဗီအတွက် အသင်းထဲမှာ ဟန်ချက်ကို ရှာတွေ့ဖို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လီဝန်ဒေါစကီး ရှိနေလို့ပါ။ ဘာစီလိုနာမှာ လီယွန်နယ်မက်ဆီက အဝတ်လဲခန်းထဲ၊ ကစားသမားတွေကြား၊ ပရိသတ်တွေနဲ့ တစ်မြို့လုံးဆီက လေးစားမှုရရှိထားပြီးသားပါ။ သူ ဘာဆာနဲ့ လုပ်ခဲ့တာကို ဘယ်သူကမှ မလုပ်နိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က