နားဗက်စ်ဟာ ဘာနေဗျူးမှာ ၄ ရာသီအထိ အတူတွဲကစားဖူးတဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးနဲ့ နောက်ထပ်တစ်ကြိမ် ပြန်လည်ပေါင်းစည်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ကေလာ နားဗက်စ်ကို အယ်လ် နက်ဆာအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ သိပ်မကြာခင်မှာ ပြန်လည်ဆုံစည်းနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နက်ဆာအသင်းကို တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၅ သန်းအထိ ရရှိမယ့် ကြီးမားတဲ့ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယခုအပတ် ဆော်ဒီ အာရေဗျမှာ ပထမဆုံးပွဲစဉ်ကို ပါဝင်ကစားပေးသွားတော့မှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်ကို တကမ္ဘာလုံးက အာရုံစိုက်အောင် ဆွဲဆောင်နိုင်ခဲ့ပြီးဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ နားဗက်စ်ဟာ ဘာနေဗျူးမှာ ၄ ရာသီအထိ အတူတွဲကစားဖူးတဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးနဲ့ နောက်ထပ်တစ်ကြိမ် ပြန်လည်ပေါင်းစည်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

အယ်လ်နက်ဆာရဲ့ ပထမပွဲထွက်ဂိုးသမားဟာ အာဆင်နယ်နဲ့ နာပိုလီဂိုးသမားဟောင်း ဒေးဗစ် အော့စပီနာဖြစ်ပေမယ့်လည်း ကိုလံဘီယာဂိုးသမားဟာ ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူနေရတာ ဖြစ်ပါတယ်။ MARCA ရဲ့ ဖော်ပြချက်အရ အယ်လ်နက်ဆာဟာ နားဗက်စ်ကို ခေါ်ယူချင်နေပြီး ယခုရာသီကုန်အထိ ယူရို ၄ သန်းနဲ့ ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေပေမယ့်လည်း အဆင်ပြေရင် ရေရှည်ပူးပေါင်းသွားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။


ကော်စတာရီကာလက်ရွေးစင်ဂိုးသမားဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်းမားရဲ့နောက် ဒုတိယပွဲထွက်ဂိုးသမားအဖြစ် ကစားနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က