ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝကိုတောင် သေသွားပြီလို့ ပြောခဲ့တယ်လို့ သိရပါတယ်။

မေဆန် ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေကို ပြစ်တင်ဝေဖန်ဖို့အတွက် တွန့်ဆုတ်နေခဲ့ခြင်းမရှိဘဲ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝကိုတောင် သေသွားပြီလို့ ပြောခဲ့တယ်လို့ သိရပါတယ်။

 

အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီကနေ ပထမအသင်းကို တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး ခြေစွမ်းပိုင်း သိသိသာသာ မြင့်တက်လာမှုကြောင့် ပရိသတ်တွေရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

 

The Athletic ရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်ဟာ အသက် ၁၆ နှစ်သား အရွယ်မှာတောင် လက်ရှိအသင်းဖော်တွေနဲ့ အနာဂတ်မှာ အသင်းဖော်ဖြစ်လာမယ့်သူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ဖို့ယုံကြည်ချက် တော်တော်လေး ရှိနေခဲ့တယ်လို့ သိရပါတယ်။

 

ဂရင်းဝုဒ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ပြင်းထန်တဲ့ စကားလုံးတွေကို ပြောဆိုတတ်သူဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး သတင်းရင်းမြစ်တစ်ဦးက “သူက ကစားသမားကောင်းဆိုတာကို သိခဲ့ပြီး သူများကို မှိုချိုးမျှစ်ချိုး ပြောတတ်တဲ့သူပါ။ သူက တစ်စုံတယောက်က အဲဒီကောင်တွေက အလကားပါကွာလို့ ပြောဖို့ ဝန်မလေးခဲ့ပါဘူး။ ခင်ဗျား သူ ပြောတာကို ကြားတဲ့အချိန်မှာ ဒီလိုမျိုး ပြောလို့မရဘူးလို့ တွေးမိတဲ့အထိပါပဲ။”

 

ဒီလိုမျိုး ဝေဖန်ပြောဆိုမှုတွေဟာ ဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေတုန်းကတောင် မလွတ်ခဲ့ဘဲ “သူက သေပြီ”လို့ ပေါ်တူဂီကြယ်ပွင့်ရဲ့ ကစားသမားဘဝက အဆုံးသတ်သွားပြီဆိုတဲ့ အဓိပ္ပာယ်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဂရင်းဝုဒ်ကို မန်ချက်စတာယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေက ဆုံးမခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး ငယ်သေးလို့ အမှားကို အမှန်ထင်မြင်နေခြင်းလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ချစ်သူကို အကြမ်းဖက်မှု၊ မုဒိမ်းမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် လမ်းလွဲခဲ့ပြီး လက်ရှိမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကိုယ်ဝန်ရှိနေတဲ့ ချစ်သူကို လာမယ့်နွေရာသီမှာ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က