အခွင့်အရေးမဖန်တီးပေးနိုင်ရင် အလကားပဲလို့ ပြောခဲ့တာပါ။

လီဗာပူးလ်နောက်ခံကစားသမားဟောင်း ဂျေမီ ကာရေဂါက မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အရည်အချင်းကို အကောင်းဆုံးဖြစ်လာအောင် အသုံးမချနိုင်ဘူးလို့ ယုံကြည်နေပါတယ်။

ကာရေဂါက တနင်္လာနေ့ညက နယူးကာဆယ်လ် ယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပြီး ယူနိုက်တက်ဟာ အဆင့် ၁၉ နေရာမှာ ရှိနေတဲ့ အသင်းငယ်နဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပါတယ်။



၇ မိနစ်မှာ စိန့်-မက်ဆီမင်က နယူးကာဆယ်လ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၇၁ မိနစ်မှာ ကာဗာနီက မန်ချက်စတာယူနိုက်တက်အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ကာရေဂါက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်လောက်တုန်းက ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်နဲ့ ယူနိုက်တက်ရဲ့ ပေါ်တူဂီကြယ်ပွင့်ကို အသုံးချမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်သွားခဲ့ပါတယ်။

အင်္ဂလန်ဂန္တဝင်နောက်ခံကစားသမားက ယူနိုက်တက်ဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးအတွက် အခွင့်အရေး လုံလုံလောက်လောက် ဖန်တီးပေးနိုင်ခြငးမရှိတာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ ပွဲစဉ်အတွင်းမှာ အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ခင်ဗျား ဒီရာသီ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အခန်းကဏ္ဍကို တွေးကြည့်လိုက်ရင် သူ ကြီးမားတဲ့ဂိုးတွေနဲ့အတူ မန်ချက်စတာယူနိုက်တက်ကို ကယ်တင်ခဲ့တဲ့ အချိန်တွေ မနည်းပါဘူး။ သူ နောဝစ်ချ်နဲ့ပွဲမှာ ပင်နယ်တီရခဲ့မေပယ့် တကယ်တမ်းကျ သူ့မှာ အခွင့်အရေးများများစားစား မရခဲ့ပါဘူး။ ခင်ဗျား သူ့အတွက် အခွင့်အရေးတွေ အများကြီးဖန်တီးပေးမယ်ဆိုရင် သူက လူသတ်သမားပဲ။ ပင်နယ်တီ ဧရိယာထဲမှာဆို သေစေနိုင်လောက်တဲ့သူပါ။ ဒါပေမယ့် ခင်ဗျား သူ့ကို အခွင့်အရေးအများကြီး မဖန်တီးပေးနိုင်ဘူးဆိုရင်တော့ သူက အဲဒီပွဲမှာ မပါဝင်မပတ်သက်တဲ့သူတစ်ယောက် ဖြစ်နေမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က