ရော်နယ်လ်ဒိုက ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ် နက်ဆာဥက္ကဌ မူဆလီ အယ်လ်-မူအမ်မာက ကြာသပတေးနေ့က ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ရီယက်ဒ် ကြယ်စင်စုအသင်းအတွက် အံ့အားသင့်ဖွယ်ခြေစွမ်းပြသခဲ့တဲ့ ကစားသမားသစ် ရော်နယ်လ်ဒိုအပေါ် ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာနဲ့ အယ်လ် ဟီလာလ်တို့က ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ရီယက်ဒ်ကြယ်စင်စုအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာ ပီအက်စ်ဂျီနဲ့ ရီယက်ဒ် Seasons ဖလား ချစ်ကြည်ရေးခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲစဉ်အတွင်း ၅-၄ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုက ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ အလွန်ကောင်းမွန်တဲ့ သွင်းဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၃၄ မိနစ်မှာ ပင်နယ်တီကနေတဆင့် ရီယက်ဒ်ကြယ်စင်စုအသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး လီယွန်နယ် မက်ဆီက ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီးနောက် ပထမပိုင်း နာကျင်အချိန်ပိုမှာ ကနဦး ခေါင်းတိုက်ရာကနေ တိုင်ထိထွက်လာတဲ့ဘောလုံးကို အလိုအလျောက်တုံ့ပြန်မှုနဲ့ ပိတ်သွင်းယူပြီး ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဒီသွင်းဂိုး ၂ ဂိုးကြောင့် ဆော်ဒီ အာရေဗျမှာ ပထမဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် ထိုက်ထိုက်တန်တန် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာ အယ်လ်-မူအမ်မာက ပေါ်တူဂီကြယ်ပွင့်ရဲ့ ပီအက်စ်ဂျီနဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကို သုံးသပ်ရာမှာ ၂ ဂိုးသွင်းယူတာက အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးအတွက် သာမန်ပဲလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


"ရော်နယ်လ်ဒိုရဲ့ ဒီနေ့ပွဲက သာမန်ပါပဲ။ သူ ဒီနေ့ ၂ ဂိုးသွင်းယူနိုင်ခဲ့တယ်။ အဲဒါက သာမန်ပါပဲ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

က္က