မက်ဆီရဲ့ နာမည်ကျော်အောင်ပွဲခံဟန်ဖြစ်တဲ့ ဒူးထောက်ပြီး လက်ညှိး ၂ ချောင်းကို ကောင်းကင်ပေါ်ကို ထောင်ပြီး မော့ကြည့်နေခဲ့တာဖြစ်ပါတယ်။

အယ်လ်ဟီလာလ် သူရဲကောင်း အိုဒီယွန် အီဂါလိုက ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းကို ဂိုးသွင်းယူခဲ့ပြီးနောက် မက်ဆီရဲ့ နာမည်ကျော် အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ အင်္ဂါနေ့ညက အယ်လ် ဟီလာလ်အသင်းကို King Fahd International ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယနေရာက အယ်လ်နာဆာဟာ အမှတ်ပေးဇယားဦးဆောင်သူ အယ်လ်-အစ်တီဟတ်နဲ့ ရမှတ်တူနဲ့ ရီယက်ဒ်ဒါဘီကို ယှဉ်ပြိုင်သွားဖို့ ရမှတ် ၃ မှတ်လိုအပ်ခဲ့တာဖြစ်ပါတယ်။

 

ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာအသင်းဟာ အခွင့်အရေးအများစုကို အသုံးချနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အယ်လ်ဟီလာလ်အသင်းဟာ ၎င်းတို့ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို ပင်နယ်တီကနေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

 

ပထမသွင်းဂိုးဟာ ပထမပိုင်းမပြီးခင် ၃ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး အီဂါလိုက ဂိုးသမားရဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် တစ်နာရီပြည့်ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ အီဂါလိုဟာ နောက်ထပ်တစ်ကြိမ် အယ်လ်ဟီလာလ်အတွက် ဂိုးသွင်းယူပေးခဲ့ပြီး ရော်နယ်လ်ဒိုရဲ့အနာကို ဆားနဲ့ပက်တဲ့အနေနဲ့ မက်ဆီရဲ့ နာမည်ကျော်အောင်ပွဲခံဟန်ဖြစ်တဲ့ ဒူးထောက်ပြီး လက်ညှိး ၂ ချောင်းကို ကောင်းကင်ပေါ်ကို ထောင်ပြီး မော့ကြည့်နေခဲ့တာဖြစ်ပါတယ်။

 

အိမ်ကွင်းပရိသတ်တွေဟာ အီဂါလိုက အယ်လ်နာဆာအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရှေ့မှာ လီယွန်နယ် မက်ဆီရဲ့ အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီးနောက် ဒေါသအိုးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

 

ရော်နယ်လ်ဒိုကို အယ်လ်ဟီလာလ် ပရိသတ်တွေကလည်း ပွဲအပြီးမှာ မက်ဆီရဲ့ နာမည်ကို ကြွေးကြော်ပြီး လှောင်ပြောင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က ဥမင်လျှောက်လမ်းထဲကို ဝင်ချိန်မှာ ငယ်ပါကို ကိုင်ပြပြီး တုံ့ပြန်ခဲ့ပုံပေါ်တာကို မြင်တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က