အသင်းဟောင်းဘက်ကနေ အမွှမ်းတင်ပြောဆိုလိုက်တာပါ။

ရီးရဲလ်မက်ဒရစ်က မန်စီးတီးနဲ့ရင်ဆိုင်ရမှာကို ကြောက်လန့်နေတယ်လို့ မန်စီးတီးတိုက်စစ်မှူးဟောင်းတီဗက်ဇ်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ညမှာ အဆိုပါအသင်းနှစ်သင်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲ ပထမအကျော့ကို ကစားရမှာဖြစ်ပြီး နှစ်သင်းစလုံးက သက်ဆိုင်ရာလိဂ်တွေမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ ချန်ပီယံလိဂ်ရာသီမှာလည်း ဒီနှစ်သင်းတွေ့ဆုံခဲ့ပြီး ၁၆ သင်းအဆင့်မှာကနေပဲ ရီးရဲလ်မက်ဒရစ်တို့ တို့ လှည့်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် မန်စီးတီးရဲ့ တိုးတက်လာမှုတွေက ရီးရဲလ်ကို ပိုပြီးတော့ ထိတ်လန့်စေနေမယ်လို့ တီဗက်ဇ်က ပြောဆိုခဲ့ပြီး သူ့ရဲ့အသင်းဟောင်းဟာ အလယ်အလတ်အဆင့်ကနေ ဥရောပရဲ့ အကြီးကျယ်ဆံးအသင်းတွေရဲ့ ခြေရာကိုလိုက်နင်းနိုင်နေပြီလီု့ ချီးကျူးခဲ့ပါတယ်။ 

"ဒီ ၁၀ နှစ်အတွင်းမှာ မန်စီးတီးက ဘာတွေဖြစ်လာလဲဆိုတာကို မြင်ရတာ အရမ်းဝမ်းသာမိပါတယ်၊ ဒါက အထင်ကြီးစရာပါ၊ ကျနော်တို့က လိဂ်ဇယားအလယ်မှာ တိုက်ပွဲဝင်နေရာကနေ ဥရောပရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲမှာ အခြားအသင်းတွေနဲ့ တန်းတူခြေချနိုင်ခဲ့ပါပြီ၊ ဒီနေ့မှာဆိုရင် ပိုပြီးတော့ ကွဲပြားခြားနားသွားခဲ့ပါတယ်၊ ဒီနေ့ဆို ရီးရဲလ်က မန်စီးတီးနဲ့ ရင်ဆိုင်ရမှာကို ကြောက်လန့်နေရပါပြီ"

"ဒါက မန်စီးတီးရဲ့ တိုးတက်လာမှုအပိုင်းပါ၊ ပြိုင်ဘက်တွေက မန်စီးတီးဘာလုပ်နိုင်လဲဆိုတာကို လိုက်ကြည့်နေရပါပြီ၊ အခုရှိနေတဲ့ ကစားသမားတွေနဲ့ ဒီနှစ်တွေအတွင်းမှာ မန်စီးတီးရဲ့ အခြေခံတည်ဆောက်မှုတွေက ဥရောပမှာရှိတဲ့ ဘယ်အသင်းနဲ့မဆို တန်းတူအောင်မြင်နိုင်တဲ့ အနေအထားကိုရောက်နေပါပြီ၊ ဒီနေ့ပွဲမှာဆိုရင်လည်း အခွင့်အရေးက ဆတူရှိနေပါတယ်"

"မန်စီးတီးကို ဒီလိုနေရာမှာမြင်တွေ့ရတာ ကျနော်တကယ်ပျော်ရွှင်မိတယ်၊ ဥရောပရဲ့ တကယ့်အသင်းကြီးတွေကို ရင်ဆိုင်နိုင်နေပါပြီ၊ ချန်ပီယံလိဂ်ဖလားကို သူတို့မရယူနိုင်သေးပေမယ့်လည်း အရေးအကြီးဆုံးကတော့ ဆယ်နှစ်အတွင်းမှာ ရီးရဲလ်လိုအသင်းမျိုးနဲ့ တန်းတူရင်ဆိုင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ပွဲမှာလည်း အေတီကိုကို အဲဒီလိုလုပ်ပြနိုင်ခဲ့ပါတယ်" လို့ တီဗက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က