ရီးရဲလ်ကို ဂိုးပြတ်သွင်းခဲ့တာပါ။

ဂွါဒီယိုလာရဲ့ မန်စီးတီးကတော့ ဥရောပဘုရင်ကြီး ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ အရှက်တကွဲ အကျိုးနည်းအောင်လို့ ဂိုးပြတ်သွင်း ချေမှုန်းခဲ့ပါတယ်။ မန်စီးတီးတို့ ခြေပြတ်၊ ဂိုးပြတ်နဲ့ အသာရရှိခဲ့တာဖြစ်ပြီး လေးဂိုးအထိ ရရှိခဲ့တာပါ။



ဒီပွဲရလဒ်ကြောင့် မန်စီးတီးဟာ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါပြီ။ ဒီပွဲမှာ ဂွါဒီယိုလာက အပြောင်းအလဲ ကြီးကြီးမားမား မပြုလုပ်ခဲ့ဘဲ ပုံမှန် ကစားကွက်နဲ့ လူစာရင်းအတိုင်း ပွဲထွက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ရူဒီဂါ အရန်ခုံထိုင်ခဲ့ရပြီး မီလီတာအို ပွဲထွက်ခဲ့ပါတယ်။

ကွာခြားသွားတာက မန်စီးတီးရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ နိုင်လိုစိတ်ပြင်းပြမှုပါပဲ။ တကယ်ကို အဆင့်အတန်းမြင့်မားတဲ့ ကစားပုံကို ပြသခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ ရစရာမရှိအောင်ကို ခံလိုက်ရတာပါ။ ဟာလန်းရဲ့ ခေါင်းတိုက်ချက် သုံးကြိမ်လောက်ကို ကော်တွိုက်စ် ကယ်ခဲ့လို့ ဒီထက်လည်း ပိုပြီး အရှက်မကွဲခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအတွက် ဂိုးတွေကိုတော့ ပထမပိုင်းမှာ ဘာနာဒိုဆေးလ်ဗားက နှစ်ဂိုး၊ ဒုတိယပိုင်းမှာ အကန်ဂျီရဲ့ ‌ခေါင်းတိုက်ချက် မီလီတာအိုနဲ့ ထိ လမ်းကြောင်းပြောင်းပြီး တစ်ဂိုးနဲ့ လူစားဝင်ကစားသမား အယ်လ်ဗာရက်ဇ်က (၈၉) မိနစ်မှာဝင်၊ မိနစ် (၉၀) မှာ သွင်းယူခဲ့တဲ့ ဂိုးတွေဖြစ်ခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ ဒီပွဲမှာ ဂိုးပြတ်နိုင်ချိန်မှာတောင် အမှားအယွင်း ကြီးကြီးမားမားမဖြစ်အောင် ဂရုစိုက်ခဲ့ပါတယ်။

မန်စီးတီးကတော့ သူတို့အတွက် ဒီရာသီ ဖလားသုံးလုံးမျှော်လင့်ချက်၊ ပထမဆုံး ချန်ပီယံလိဂ်ဖလား မျှော်လင့်ချက်အတွက် အင်တာမီလန်နဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရတော့မှာပါ။ ပြောဖို့က စောလွန်းနေသေးတယ်ဆိုပေမယ့် ဒီပုံစံအတိုင်းဆိုရင်တော့ မန်စီးတီးတို့ ဗိုလ်လုပွဲမှာလည်း အခက်အခဲ တစ်စုံတစ်ရာရှိမယ့်ပုံမပေါ်ပါဘူး။ 

Share

Loading Next Article...
က္က