ဆော်ဒီဘောလုံးလောကတိုးတက်စေဖို့ပါ သူက ကူညီပေးရမှာပါ။

ဘောလုံးလိဂ်အသစ်တခုမှာ ကစားရမယ့်အတွေ့အကြုံအတွက် သူ စိတ်လှုပ်ရှားနေပြီလို့ ဆော်ဒီကလပ်အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တဲ့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ အယ်လ်နာဆာကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး တနှစ်လုပ်ခ ယူရိုသန်း ၂၀၀ အထိ ရရှိသွားမှာပါ။ 

"ကွဲပြားခြားနားတဲ့ နိုင်ငံတခုက ဘောလုံးလိဂ်အသစ်မှာ ကစားဖို့ ကျနော်စိတ်လှုပ်ရှားနေပါပြီ၊ ဆော်ဒီမှာ အယ်လ်နာဆာက အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့ ရည်မှန်းချက် အရမ်းအားရဖို့ကောင်းပါတယ်၊ ကမ္ဘာ့ဖလားမှာ ဆော်ဒီရဲ့ မကြာခင်က စွမ်းဆောင်မှုတွေကနေ ဘောလုံးအပေါ် ရည်မှန်းချက်ကြီးကြီးထားထားတယ်ဆိုတာ၊ အများကြီးဖြစ်လာနိုင်တာကို မြင်နိုင်ပါတယ်"



"ဥရောပမှာ ကျနော်ရည်မှန်းထားသမျှကို အောင်မြင်ခဲ့တဲ့အတွက် ကံကောင်းပါတယ်၊ အခုကတော့ အာရှမှာ ကျနော့်အတွေ့အကြုံတွေကို ပြန်ဝေမျှဖို့ သင့်တော်တဲ့အချိန်လို့ ခံစားရတယ်၊ အသင်းဖော်သစ်တွေနဲ့အတူ လက်တွဲပြီး အသင်းအောင်မြင်မှုတွေရရှိအောင် ကူညီပေးနိုင်ဖို့အတွက် မျှော်လင့်ထားပါတယ်" လို့ အယ်လ်နာဆာကို ပြောင်းရွှေ့အပြီးမှာ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ လာမယ့်ဇန်နဝါရီလထဲမှာ ကစားမယ့် ပီအက်စ်ဂျီနဲ့ ခြေစမ်းပွဲမှာ အယ်လ်နာဆာဘက်က ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ သူ ဝင်ကစားပေးခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ ပြိုင်ဘက်ကြီး မက်ဆီနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းသစ်ကိုရောက်ရှိပြီး သိပ်မကြာခင်မှာပဲ အံ့အားသင့်ဖွယ်ရာ တွေ့ဆုံမှုဖြစ်လာမှာပါ။ 


Share

Loading Next Article...
က္က