ဥရောပမှာ သူကစားခဲ့တုန်းကထက် ၂ ဆပိုကာ အယ်လ်နာဆာအတွက် ကြိုးစားပေးမယ်လို့် ရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့ရဲ့ အပြောင်းအရွှေ့ဟာ တကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သလို စိတ်ဝင်စားမှုတွေလည်း ပေးခဲ့ပါတယ်။
အခုအခါမှာ သူက အယ်လ်နာဆာအတွက် စုစုပေါင်း ပွဲ ၄၀ ကစားပြီးရာမှာ ၃၃ ဂိုးသွင်း၊ ၁၂ ကြိမ်ဖန်တီးပေးထားပါတယ်။ ဒီရာသီမှာ သူက ၂၁ ပွဲကစားပေးကာ ၁၉ ဂိုးသွင်းပြီး ၁၀ ကြိမ်ဖန်တီးပေးထားတာဖြစ်လို့ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲံ ခြေစွမ်းကို ပြသနေတာလည်းဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုက "ကျနော် အကြီးအကျယ်နောင်တရမိတာကတော့ အယ်လ်နာဆာကို စောစောစီးစီးမပြောင်းရွှေ့မိခဲ့တာပါ၊ ဒါပေမယ့် အခု ဒီမှာ ကျနော်အရမ်းပျော်ရွှင်နေပါတယ်၊ ဥရောပမှာတုန်းကထက် ၂ ဆပိုပြီး အယ်လ်နာဆာာအတွက် ကြိုးစားပေးသွားမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သူပြောဆိုခဲ့တဲ့အတိုင်း လုပ်ပြထားပြီးဖြစ်ပါတယ်။ အသင်းကို ဆော်ဒီဘုရင့်ဖလား ဆီမီးဖိုင်နယ်ဆီ ပို့ဆာင်ပေးထားသလို အမှတ်ပေးလိဂ်မှာလည်း ဆုဖလားလမ်းကြောင်းပေါ် တင်ပေးထားပါတယ်။ အာရှချန်ပီယံလိဂ်မှာလည်း နောက်တဆင့်တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးထားပြီး အာရပ်ကလပ်ဖလားကိုလည်း ဆွတ်ခူးပေးထားပါတယ်။
အခုဆို အယ်လ်နာဆာက ရော်နယ်ဒိုကို နောက်ထပ်သက်တမ်းတနှစ် ထပ်မံတိုးမြှင့်ဖို့အတွက် စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။