ဒီရာသီအစောပိုင်းမှာ မော်ရင်ဟို အထုတ်ခံခဲ့ရတာပါ။

ရိုးမားနည်းပြဟောင်း မော်ရင်ဟိုက သူ့အနေနဲ့ ရိုးမားမှာ လက်တွဲခဲ့ဖူးတဲ့ အားကစားဒါရိုက်တာ တီယာဂိုပင်တိုနဲ့ နောက်ဆိုရင် ဘယ်တော့မှ အလုပ်တွဲလုပ်တော့မှာ မဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဒီရာသီအစောပိုင်းမှာ ရိုးမားနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။



ပေါ်တူဂီလူမျိုးနည်းပြကြီးဟာ ရိုးမားကို ယူရိုပါကွန်ဖရင့်လိဂ်၊ ယူရိုပါလိဂ်တို့ရဲ့ ဗိုလ်လုပွဲအဆင့်တွေကို နှစ်ရာသီဆက်တိုက် ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ ကစားသမားတွေရဲ့ ထောက်ခံမှုကျဆင်းလာတာ၊ ပင်တိုနဲ့ ဆက်ဆံရေးပြိုကွဲလာတာတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

မော်ရင်ဟိုဟာ လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေပြီး သူ့ရဲ့အသင်းသစ်ကို လာမယ့်နွေရာသီမှသာ ဆုံးဖြတ်သွားဖွယ်ရှိပါတယ်။ ရိုးမားကနေ အထုတ်ခံရတဲ့အပေါ်မှာလည်း မော်ရင်ဟိုက “ဥရောပဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက် ပို့ဆောင်ပေးခဲ့တဲ့ နည်းပြတစ်ယောက်ကို ဘယ်လိုမျိုး ထုတ်ပယ်ခဲ့လဲဆိုတာကို နားလည်ရခက်ပါတယ်”

“ထူးဆန်းတာဆိုလို့ ဒီတစ်ခုပဲရှိပါတယ်။ အီတလီမှာ ကျွန်တော် ဘာကိုလွမ်းမလဲဆိုရင် အလုပ်လုပ်ရတာကို လွမ်းပါတယ်။ ဘောလုံးနဲ့ ကျွန်တော့်အလုပ်ကို ချစ်မြတ်နိုးပါတယ်။ အခုဆိုရင် မတ်လကုန်ရောက်ပါပြီ။ ဘယ်အသင်းကမှ နည်းပြအပြောင်းအလဲ မလုပ်တော့ပါဘူး။ ကျွန်တော် လာမယ့်နွေရာသီအထိ စောင့်ဆိုင်းပြီးမှ ပြန်လာပါမယ်”

“ပင်တိုနဲ့ ပတ်သက်လို့ သူ့ရဲ့ပြောစကားတွေကို ဒုတိယအကြိမ်နားထောင်ပြီး အချိန်ဖြုန်းဖို့ စိတ်ကူးမရှိပါဘူး။ သူ ကျွန်တော့်ကို ပြောခဲ့တာတွေနဲ့ ဘာမှမကွာခြားလို့ စိတ်ကိုမဝင်စားတာပါ။ သူနဲ့လည်း နောက်တစ်ကြိမ် အလုပ်တွဲလုပ်တော့မှာမဟုတ်ပါဘူး။ အချို့ကိစ္စတွေကတော့ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး တွေးလို့ရပါတယ်။ ဒီကိစ္စကတော့ လုံးဝကိုမဖြစ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က