စီးရီးစီကလပ်က နောက်ပြောင်ခဲ့တာပါ။

အီတလီစီးရီးစီကလပ် ပက်စ်ကာရာအသင်းက သူတို့ကို လက်ရှိအချိန်အထိ ဥရောပစူပါလိဂ်မှာ ပါဝင်ကစားဖို့ တစ်စုံတစ်ရာ ဖိတ်ကြားထားခြင်းမရှိသေးကြောင်း နောက်ပြောင်ရေးသားခဲ့ပါတယ်။ ဥရောပစူပါလိဂ်ဟာ မနေ့ကစပြီး အသက်ဝင်လှုပ်ရှားလာခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်တို့ဟာ ဒီလိဂ်ကြီး ပေါ်ပေါက်လာဖို့အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ ကနဦးမှာတော့ ယူအီးအက်ဖ်အေနဲ့ ဖီဖာဘက်က ဒီပြိုင်ပွဲကြီးကို ပိတ်ပင်ခဲ့ကြပါတယ်။
ဒါပေမယ့် ဥရောပတရားရုံးမှာ ကြားနာပြီးတဲ့နောက် ဥရောပစူပါလိဂ်ကို တရားဝင် အကောင်အထည်ဖော်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့ကလည်း ဥရောပစူပါလိဂ်မှာ ပါဝင်တဲ့အသင်းတွေကို သက်ဆိုင်ရာပြိုင်ပွဲတွေကနေ ထုတ်ပယ်ခွင့် မရှိတော့ပါဘူး။
ဥရောပစူပါလိဂ်မှာ ပါဝင်ကစားမှာမဟုတ်ကြောင်း ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်တို့အပါအဝင် ထိပ်တန်းအသင်းအချို့က တရားဝင်ကြေညာခဲ့ကြပါတယ်။ ဒီပြိုင်ပွဲကြီးရဲ့ ဝင်ငွေက ချန်ပီယံဖြစ်ခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲထက် အဆပေါင်းများစွာ ပိုမိုရရှိမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ပက်စ်ကာရာကတော့ ဒီပြိုင်ပွဲကြီးနဲ့ ပတ်သက်လို့ “ပက်စ်ကာရာအနေနဲ့ ကြေညာချင်တာကတော့ စူပါလိဂ်နဲ့ ပတ်သက်လို့ ဘာဖိတ်ကြားမှုမှ မရသေးတာကြောင့် ဒီပြဿနာအပေါ်မှာ တစ်စုံတစ်ရာ ကြေညာချက်မထုတ်နိုင်ပါဘူး” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က