မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ဆက်မနေချင်တော့ဘဲ ပီအက်စ်ဂျီအသင်းမှာ ၎င်းရဲ့ အနာဂတ်ကို ရှေ့ဆက်ချင်တယ်လို့ လီဂူးဝမ်းအသင်းကို ပြောကြားခဲ့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးကြီးတဲ့ကစားသမားဖြစ်နေခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၃၃ ပွဲမှာ သွင်းဂိုး ၂၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ကြယ်ပွင့် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝ စုစုပေါင်း ၃၃၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၅ ကြိမ် ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြင်သစ်မှာ အမ်ဘာပေနဲ့အတူ ကစားချင်နေတယ်လို့ El Nacional က ဖော်ပြခဲ့တာဖြစပါတယ်။
ပီအက်စ်ဂျီအသင်းကလည်း မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို အိုးထရက်ဖို့ဒ်ကနေ ခေါ်ယူနိုင်တဲ့ အင်အားရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်ဟာ မကြာသေးမီက အင်္ဂလန်တိုက်စစ်မှူးရဲ့ မယုံနိုင်ဖွယ် ခြေစွမ်းကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ "အခုအချိန်မှာ မယုံနိုင်စရာကောင်းလောက်အောင် အာရုံစိုက်နေပါတယ်။ သူက အဲဒါကို သတိပြုမိနေတယ်။ သူသာ မှန်ကန်တဲ့ ရွေ့လျားမှု ပြုလုပ်နေမယ်ဆိုရင် သူ ဒါမှမဟုတ် သူ့အသင်းက ဂိုးသွင်းယူဖို့ နေရာမှန်ရောက်အောင် သူ့ကို ယူဆောင်ပေးနိုင်ပါလိမ့်မယ်"
"ပြီးတော့ ဂိုးတွေ သွင်းယူနေဖို့ အရေးကြီးပါတယ်။ အခုအချိန်မှာ သူက ပုံစံကောင်းရနေပါတယ်။ သူက အဲဒါကို ပွဲစဉ်တိုင်း ကွင်းထဲကို ယူဆောင်ပေးနိုင်ပြီး သူ့မှာသာ အဲဒီ အင်အား၊ အဆင့်အတန်းမျိုးရှိနေရင် သူ ဂိုးသွင်းယူနိုင်ပါလိမ့်မယ်။ အသင်းက လုပ်ရမယ့်တစ်ခုတည်းသောအရာက သူ့ကို အဲဒီလို အနေအထားရောက်အောင် ယူဆောင်ပေးဖို့ပဲ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။