သူရမ်ကတော့ ပထမရာသီမှာတင် ခြေစွမ်းပြခဲ့တာပါ။

အင်တာမီလန်ဟာ မနေ့ညက ကစားခဲ့တဲ့ အေစီမီလန်နဲ့ မီလန်ဒါဘီပွဲမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိကာ စီးရီးအေချန်ပီယံဆုကို စောစောစီးစီး ဆွတ်ခူးခဲ့ပါပြီ။ လက်ကျန်ပွဲ (၅) ပွဲ ကစားဖို့ရှိနေချိန်မှာ အင်တာမီလန်က အေစီမီလန်ကို (၁၇) မှတ်အထိ ဖြတ်နိုင်ခဲ့တာပါ။



ဒါဟာ အင်တာမီလန်အတွက်တော့ အကြိမ် (၂၀) မြောက် စီးရီးအေချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ တိုက်စစ်မှူး မားကပ်စ် သူရမ်ကလည်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို ရုန်းကန်ပြီး လှလှပပ သွင်းယူနိုင်ခဲ့ပါသေးတယ်။

ပြိုင်ဘက် နောက်ခံလူနဲ့ ဘော်ဒီခုတွန်းပြီး လှည့်ထွက်နိုင်ခဲ့တဲ့နောက် ဧရိယာထိပ်ကနေပဲ သူရမ်က အင်တာမီလန်အတွက် ဒုတိယဂိုးကို ကန်သွင်းယူပေးခဲ့တာပါ။ ဒီကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကမှ မိုချန်ဂလာဘတ်ကနေ အင်တာမီလန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူက အချိန်တိုအတွင်းမှာတင် အသင်းဖော် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်နဲ့ အတွဲမိခဲ့ပြီး သူတို့နှစ်ယောက်ပေါင်း စီးရီးအေမှာ သွင်းဂိုး (၃၅) ဂိုး၊ ဂိုးဖန်တီးမှု (၁၆)​ ကြိမ်အထိ မြင်တွေ့ခဲ့ရပါတယ်။ မာတီနက်ဇ်ကတော့ စီးရီးအေသွင်းဂိုး (၂၃)​ ဂိုးအထိ ရှိနေပြီး လိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့နွေမှာ အင်တာမီလန်တို့ လူကာကူ၊ အိုနာနာတို့လို ကစားသမားတွေကို လက်လွှတ်လိုက်ရပေမယ့် သူတို့အစား ပြန်ခေါ်ထားတဲ့ မားကပ်စ်သူရမ်၊ ဂိုးသမား ဆွန်းမားတို့က အကောင်းဆုံးပုံစံပြသခဲ့ပြီး လက်ရှိအချိန်ထိလည်း အင်တာမီလန်တို့ ဒီရာသီ စီးရီးအေမှာ တစ်ပွဲသာ ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က