၂ဦးပေါင်း သွင်းဂိုး ၃၅ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပါတယ်။

စုစုပေါင်း ဂိုးတိုက်ရိုက်ပါဝင်ပတ်သက်မှု ၃၅ ဂိုးအထိ ရှိနေကာ ဥရောပမှာ သူတို့နှစ်ဦးရဲ့ အတွဲအဖက်ထက် ပိုကောင်းတဲ့ အတွဲအဖက်မရှိသေးပါဘူး။ 


လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ကို ဇယားထိပ်ဆုံးရောက်အောင် ပို့ဆောင်ပေးထားပြီး ခြေစွမ်းပြနေသူတွေက ဗင်နီရှပ်နဲ့ ဘန်ဇီမာတို့ရဲ့ တိုက်စစ်အတွဲဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူးတစ်ဦးနဲ့ လူငယ်ခြေတက်တစ်ဦးတို့ရဲ့ အတွဲအဖက်က အန်ဆယ်လော့တီလက်အောက်မှာ အားလုံးမှင်သက်အောင်စွမ်းဆောင်ပြနေပြီး ရက်သတ္တပတ်တိုင်းလိုလိုမှာ ဂိုးတွေသွင်းယူပေးနေတာဖြစ်ပါတယ်။ 



လာလီဂါ ၁၆ ပွဲကစားပြီးချိန်မှာ ဗင်နီရှပ်က သွင်းဂိုး ၁၀ ဂိုးအထိ ရရှိထားသလို ဘန်ဇီမာက ၁၅ ဂိုးအထိ ရရှိထားပြီးပါပြီ။ ဖန်တီးပေးမှုအပိုင်းကိုကြည့်မယ်ဆိုရင်လည်း ဗင်နီရှပ်က ၃ကြိမ်ရှိပြီး ဘန်ဇီမာက ၇ ကြိမ်အထိရှိနေပါတယ်။ စုစုပေါင်း ဂိုးတိုက်ရိုက်ပါဝင်ပတ်သက်မှု ၃၅ ဂိုးအထိ ရှိနေကာ ဥရောပမှာ သူတို့နှစ်ဦးရဲ့ အတွဲအဖက်ထက် ပိုကောင်းတဲ့ အတွဲအဖက်မရှိသေးပါဘူး။ 

မနေ့က ကစားခဲ့တဲ့ ဆိုဆီဒက်နဲ့ပွဲမှာလည်း ဗင်နီရှပ်က ဂိုးသွင်းယူနိုင်ခဲ့ပြီး တောက်ပခဲ့ပြန်ပါတယ်။ လာလီဂါမှာ ရီးရဲလ်က ရမှတ် ၃၉ မှတ်အထိ ရရှိသွားကာ ဒုတိယနေရာက ဆီဗီလာကို ၈ မှတ်၊ အက်သလက်တီကိုမက်ဒရစ်ကို ၁၀ မှတ်၊ ဘာစီလိုနာနဲ့ဆိုရင် ၁၃ မှတ်အထိ ပြတ်တောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး အသင်းရရှိထားတဲ့ သွင်းဂိုး ၃၇ ဂိုးမှာ ဗင်နီရှပ်နဲ့ ဘန်ဇီမာတို့က ၂၅ ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ 

လိဂ်အသီးသီးမှာ တဦးချင်းခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမားတွေရှိနေပေမယ့် ဗင်နီရှပ်နဲ့ ဘန်ဇီမာတို့လိုမျိုး တဦးချင်းရော၊ အတွဲအဖက်မှာပါ ကောင်းမွန်တာမျိုးကတော့ မရှိပါဘူး။ Old but Gold ဆိုတဲ့ ဘန်ဇီမာကြောင့်ရော၊ ထူးထူးခြားခြားခြေစွမ်းပြနေတဲ့ ဗင်နီရှပ်ကြောင့်ပါ ဒီရာသီမှာ ရီးရဲလ်တို့ အောင်မြင်မှုအများအပြားရရှိခဲ့မယ်ဆိုရင်လည်း အံ့အားသင့်စရာတော့ မရှိပါဘူး။ 

Share

Loading Next Article...
က္က