ရာယာကြောင့် ဂိုးတွေ ပေးခဲ့ရတာပါ။

အာဆင်နယ်နည်းပြ အာတီတာဟာ မနေ့ညက ကစားခဲ့တဲ့ လူတန်တောင်းနဲ့ပွဲမှာ အမှားအယွင်းနှစ်ကြိမ် ကျူးလွန်ခဲ့တဲ့ အသင်းရဲ့ ဂိုးသမား ရာယာကို ကာကွယ်ပြောကြားပေးခဲ့ပါတယ်။ အဆိုပါပွဲမှာ အာဆင်နယ်တို့ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရပြီး နှစ်ဖက် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရတာပါ။



အာဆင်နယ်အတွက် အနိုင်ဂိုးကို နောက်ဆုံးမိနစ်မှ ဒကလန်ရိုက်စ်က သွင်းယူပေးခဲ့တာဖြစ်ပြီး အာဆင်နယ်တို့ ၃-၄ ဂိုးနဲ့ အနိုင်ရရှိကာ အမှတ်ပေးဇယား ဦးဆောင်သူနေရာကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ရာယာရဲ့ အမှားနှစ်ကြိမ်ကတစ်ဆင့် လူတန်တောင်းကို အာဆင်နယ်တို့ နှစ်ဂိုးအထိ ပေးခဲ့ရပါတယ်။

ပွဲအပြီးမှာ ရာယာရဲ့ အမှားတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခံရတဲ့အပေါ် အာတီတာက “အသင်းနိုင်ပွဲအတွက် ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကစားသမားအားလုံးနဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ သူတို့က ဒီနေ့နိုင်ပွဲအတွက် ခုန်ပေါက် ပျော်ရွှင်နေပါတယ်။ ဒီတော့ ကျွန်တော်လည်း တကယ်ပျော်တဲ့ နည်းပြတစ်ယောက်ဖြစ်နေတာပေါ့” လို့ ပြောကြားခဲ့ပါတယ်။


ရာယာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘရန့်ဖို့ဒ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားပါ။ ရာသီစပြီးနောက်ပိုင်းမှာတော့ ရာယာက ရမ်စ်ဒေးလ်ရဲ့ ပထမဂိုးသမားနေရာကို ရယူခဲ့ပြီး အသင်းအတွက် အဓိကပွဲထွက်နေခဲ့ပါတယ်။

ဒါပေမယ့် မနေ့ညက အမှားတွေ ကျူးလွန်ခဲ့တဲ့နောက် အာဆင်နယ်ပရိသတ်တွေကတော့ ရာယာထက် ရမ်စ်ဒေးလ်ကို ပွဲထွက်ဂိုးသမားအဖြစ် ဦးစားပေးအသုံးပြုဖို့ တောင်းဆိုနေကြပါတယ်။

Share

Loading Next Article...
က္က