ရေး-မော်လမြိုင် ကားလမ်းမကြီးမှာ အောက်တိုဘာလ(၁၁)ရက်နေ့ နေ့လယ်ပိုင်းက (၆)ဘီးကား ကုန်တင်ယာဉ်နဲ့ light truck ယာဉ်နှစ်စီးတိုက်မိရာက လူ (၆)ဦးသေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ လူ (၆)ဦးစလုံးက light truck ယာဉ်ပေါ်ကလူတွေဖြစ်ပြီး ကုန်တင်ယာဉ်က ဘရိတ်ပေါက်ပြီး light truckယာဉ်မောင်းနှင်နေတာကို ဝင်ရောက်တိုက်ခဲ့မိတာဖြစ်တယ်လို့သိရပါတယ်။
“ light truck ယာဉ်က ခရီးသွားယာဉ်။ သူတို့ကလမ်းအဖြောင့်တိုင်းသွားနေတာကို ရော်ဘာတွေတင်လာတဲ့ ကုန်တင်ကားကဘရိတ်ပေါက်ပြီး light truck ကိုဝင်တိုက်သွားတာ။ ကားကြီးပေါ်ကလူတွေကတော့ ဘာမှမဖြစ်ဘူး။ သေဆုံးသူ (၆)ဦးက light truck ယာဉ်ပေါ်ကလူတွေပဲ”လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
Light truck ယာဉ်ပေါ်မှာက အားလုံး (၈)ယောက်ပါဝင်ပြီး ကလေးငယ်(၁)ဦးနဲ့ အမျိုးသမီး (၁)ဦးသာ အသက်ရှင်တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့ သူ (၂)ဦးက လက်ရှိ မော်လမြိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ထိခိုက်ဒဏ်ရာများတဲ့ အမျိုးသမီးကိုတော့ ဒီကနေ့မှာပဲ ရန်ကုန်ဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။