နောက်ဆုံးမိနစ်မှာ ပင်နယ်တီပေးခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ နယူးကာဆယ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီက နောက်ကျပင်နယ်တီသွင်းဂိုးနဲ့အတူ အိမ်ကွင်းမှာ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်အတွက် ဦးဆောင်ဂိုးကို အိုင်ဆက်ခ်က သွင်းယူပေးခဲ့တာပါ။



ဒါပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် (၉၄) မိနစ်မှာတော့ ပီအက်စ်ဂျီ​တောင်ပံကစားသမား အူစမန်နီဒမ်ဘီလီရဲ့ ဖြတ်တင်ဘောက နယူးကာဆယ်နောက်ခံလူ လီဗရာမန်တိုရဲ့ လက်အောက်ပိုင်းနဲ့ ထိမိခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် ပီအက်စ်ဂျီကစားသမားတွေက ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းစောဒကတက်ကာ ပင်နယ်တီတောင်းခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ပိုလန်လူမျိုး ကွင်းလယ်ဒိုင်လူကြီးက VAR အဆုံးအဖြတ်နဲ့အတူ ပီအက်စ်ဂျီကို ပင်နယ်တီပေးခဲ့ပြီး အမ်ဘာပေက ဂိုးဝင်အောင် ကန်သွင်းခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း နယူးကာဆယ်တို့ ပီအက်စ်ဂျီကို နှစ်ကျော့စလုံး အနိုင်ကန်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါ့အပြင် အုပ်စုအဆင့်က လွတ်မြောက်ရေးအတွက်လည်း နောက်ဆုံးပွဲစဉ်အထိ ဆက်လက် ရုန်းကန်ရတော့မှာပါ။ နယူးကာဆယ် ဂန္တဝင် ရှီးယားကတော့ “တကယ်ကို သောက်တလွဲ ဘက်လိုက်မှုကြီးပဲ။ VAR က သောက်တလွဲတွေနဲ့ပဲ ပြည့်နှက်နေတာ” လို့ အလွန်အမင်း ဝေဖန်ရေးသားခဲ့ပါတယ်။

လက်ရှိ အုပ်စုပွဲစဉ်တစ်ပွဲသာ ကျန်ရှိတော့ချိန်မှာ နယူးကာဆယ်က အုပ်စု တတိယနေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးပွဲမှာတော့ အေစီမီလန်နဲ့ အိမ်ကွင်း စိန့်ဂျိမ်းပါ့ခ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး သေချာပေါက် အနိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က