ပေါင်ဒဏ်ရာရရှိခဲ့တဲ့ ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းကနေ နုတ်ထွက်ခဲ့ပြီး မန်ချက်စတာကိုပြန်လာခဲ့ကာ လက်ရှိမှာတော့ ဒူဘိုင်းမှာ သွားရောက်လေ့ကျင့်ရင်း ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ရင်း ဒဏ်ရာရရှိခဲ့တဲ့ ကွင်းလယ်လူပေါ့ဂ်ဘာဟာ ၃ လခန့်အနားယူရနိုင်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ ပေါင်ဒဏ်ရာရရှိခဲ့တဲ့ ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းကနေ နုတ်ထွက်ခဲ့ပြီး မန်ချက်စတာကိုပြန်လာခဲ့ကာ လက်ရှိမှာတော့ ဒူဘိုင်းမှာ သွားရောက်လေ့ကျင့်ရင်း ဆေးကုသမှုခံယူနေတာဖြစ်ပါတယ်။
ပေါ့ဂ်ဘာရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အနားယူရနိုင်လားဆိုတဲ့ မေးခွန်းကို ဆိုးလ်ရှားက "အဲဒီလိုပြောနိုင်ပါတယ်၊ သူ့အတွက်တော့ စိတ်ပျက်စရာဒဏ်ရာတစ်ခု၊ စိတ်ပျက်စရာအချိန်တစ်ခုပါပဲ၊ ကျွန်တော်က ဆရာဝန်တစ်ဦးမဟုတ်တဲ့အတွက်တော့ သူ ဘယ်လောက်ထိမြန်မြန်သက်သာလာမလဲဆိုတာ မပြောနိုင်ပါဘူး၊ တခါတလေမှာ ကိုယ်က ၆ ပတ်၊ ၇ ပတ်လောက်ပဲ မျှော်လင့်ပေမယ့် အဲဒီထက်မက ကြာမြင့်တတ်ပါတယ်"
"ကြွက်သားဒဏ်ရာပြသနာတွေက အဲဒီလိုပါပဲ။ သေချာတာကတော့ သူ့ရဲ့အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့ကို ပေါလ်က ဆုံးဖြတ်ထားတာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း အသန်မာဆုံးဖြစ်လာအောင် သူ အားထုတ်နေတာပါ၊ ဘာလို့လဲဆိုတော့ သူက အမြဲတမ်းအသန်မာဆုံးဖြစ်အောင်ပဲ ပြုလုပ်လေ့ရှိသူဖြစ်နေလို့ပါပဲ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။
ပေါ့ဂ်ဘာကတော့ ယူနိုက်တက်မှာ အနာဂတ်အဆင်မပြေဖြစ်နေသူဖြစ်ပြီး ဇန်နဝါရီ ဒါမှမဟုတ် ရာသီကုန်မှာ အသင်းကထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ ပေါ့ဂ်ဘာသာ မကစားနိုင်ဘူးဆိုရင်တော့ ဆိုးလ်ရှားအတွက် အသင်းကစားကွက် ဒါမှမဟုတ် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ရတော့မှာလည်းဖြစ်ပါတယ်။