တော့တင်ဟမ်ဟော့စပါးကို ယခုရာသီရဲ့ အဆိုးရွားဆုံး ပထမပိုင်းနဲ့ ရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။

ယနေ့ည ၇ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ငှက်ကျားတွေက ၆-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

 

ပထမပိုင်း စတင်ချိန်ကတည်းက နယးူကာဆယ် ယူနိုက်တက်က ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး ၂ မိနစ်မှာ မာဖီက အဖွင့်ဂိုးကို သွင်းယူသွားခဲ့ပြီး နောက်ထပ် ၄ မိနစ်အကြာမှာ ဂျိုလင်တန်က ဖေဘီယန် ရှားရဲ့ ဖန်တီးပေးပို့မှုကနေ ဒတိုယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

 

တော့တင်ဟမ်ဟော့စပါးရဲ့ ပွဲကို ဆိုးရွားစွာ စတင်မှုက ဒီမှာတင် အဆုံးမသတ်နိုင်သေးဘဲ နောက်ထပ် ၃ မိနစ်အကြာမှာ မာဖီကပဲ ဖေဘီယန် ရှားရဲ့ ဖန်တီးမှုကနေ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

အိမ်ရှင် နယူးကာဆယ် ယူနိုက်တက်ဟာ ပထမပိုင်း ၁၀ မိနစ်အတွင်းမှာပဲ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၁၉ မိနစ်နဲ့ ၂၁ မိနစ်မှာ အလက်ဇန်းဒါး အိုင်းဆက်က ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူပြီး တော့တင်ဟမ်ဟော့စပါးကို ယခုရာသီရဲ့ အဆိုးရွားဆုံး ပထမပိုင်းနဲ့ ရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။

 

ဒုတိယပိုင်းမှာ ၅ ဂိုးအထိ ခွင့်ပြုခဲ့ရတဲ့ ဟူဂို လိုရစ်ရဲ့နေရာမှာ ဖရေဆာ ဖော်စတာကို အသုံးပြုခဲ့ပြီး ၄၉ မိနစ်မှာပဲ ဟော့ဗျက်ရဲ့ ဖန်တီးပေးပို့မှုကနေ ဟာရီ ကိန်းက တော့တင်ဟမ်ဟော့စပါးအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း အဲဒီသွင်းဂိုးက စပါးစ်အတွက် တစ်လုံးတည်းသော ချေပဂိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။

 

၆၆ မိနစ်မှာ နယူးကာဆယ်အသင်းဟာ ပထမပိုင်းမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အိုင်းဆက်နဲ့ မာဖီတို့ကို အနားပေးပြီး ကယ်လမ် ဝီလ်ဆင်နဲ့ အယ်လ်မီရွန်တို့ကို လူစားဝင်ကစားစေခဲ့ပြီးနောက် ၁ မိနစ်မပြည့်ခင်မှာပဲ ဝီလ်ဆင်က နယူးကာဆယ်အသင်းအတွက် ဆဌမမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ကျန်ပွဲကစားချိန်အတွင်း နောက်ထပ် ချေပဂိုးတွေ သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း နယူးကာဆယ်ဂိုးသမား နစ်ခ် ပုပ်ရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် အိမ်ရှင်တို့ နောက်ထပ် ချေပဂိုးတွေ မပေးခဲ့ရဘဲ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က