ဘာစီလိုနာတို့ ရလဒ်တွေဆိုးရွားနေကာ နောက်ဆုံး ၆ ပွဲမှာ ၁ပွဲသာအနိုင်ရခဲ့ပြီး ၃ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့လို့ ကိုးမန်းရဲ့အနာဂတ်ကလည်း ဝေ၀ါးနေတာဖြစ်ပါတယ်။ 


နည်းပြရော်နယ်ကိုးမန်းလက်အောက်မှာ ပုံမှန်ကစားခွင့်မရတာကြောင့် ဘက်ဆီးတပ်စ်အသင်းကိုပြောင်းရွှေ့ခဲ့ရတဲ့ ကွင်းလယ်လူပီယာနစ်ဟာ အခွင့်အရေးရချိန်မှာ ကိုးမန်းကို ထိုးနှက်ပြောဆိုမှုတွေ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဘာစီလိုနာတို့ ရလဒ်တွေဆိုးရွားနေကာ နောက်ဆုံး ၆ ပွဲမှာ ၁ပွဲသာအနိုင်ရခဲ့ပြီး ၃ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့လို့ ကိုးမန်းရဲ့အနာဂတ်ကလည်း ဝေ၀ါးနေတာဖြစ်ပါတယ်။ 



ပီယာနစ်က အသင်းဟောင်းဘာစီလိုနာအနေနဲ့ ခေါင်းဆောင်သစ်တစ်ဦးလိုအပ်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါဟာ နည်းပြနေရာအတွက် အပြောင်းအလဲလုပ်သင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး သူ့ကိုနေရာမပေးခဲ့တဲ့ ရော်နယ်ကိုးမန်းကို ဦးတည်ကာ ပြောဆိုခဲ့တာဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

"ဘာစီလိုနာက ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နေရပါတယ်၊ ရလဒ်တွေကလည်း ပရိသတ်တွေလိုချင်နေတာတဲ့ဟာမဟုတ်ပါဘူး၊ ကစားသမားတွေအပေါ်မှာလည်း ဖိအားတွေရှိနေပါပြီ၊ ပုံမှန်အခြေအနေပြန်ရောက်ပြီး ရပ်တည်ဖို့ဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်တော့ လိုအပ်နေတာဖြစ်နိုင်ပါတယ်၊ အတိတ်မှာတော့ သူတို့တွေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အချိန်နည်းနည်းတော့ကြာပါလိမ့်မယ်"

"ဘာစီလိုနာက ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းလေးငါးသင်းထဲက တစ်သင်းပါ၊ သူတို့ရဲ့အတိတ်နေ့ရက်တွေကို ပြန်ပြီးတော့ ရရှိပါလိမ့်မယ်" လို့ ပီယာနစ်က beIN SPORTS ကတဆင့် ပြောဆိုခဲ့ပါတယ်။ ပီယာနစ်ကတော့ နူးကမ့်မှာ ကစားခဲ့စဉ်အတွင်း သူ့အပေါ်မှာ နည်းပြရော်နယ်ကိုးမန်းက လေးစားမှုမရှိခဲ့ဘူးလို့ အသင်းကထွက်ခွာချိန်မှာ ပြောဆိုခဲ့ဖူးသူလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က