ဆဲလ်တစ်နဲ့ပွဲမတိုင်ခင် ပြောကြားသွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးမဖြစ်တဲ့အပေါ် နားလည်နိုင်ကြောင်းနဲ့ မနှစ်ကလည်း ဒီလိုမျိုး အလေးပေးမခံရဘဲ ဗိုလ်စွဲခဲ့တာဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ လက်ရှိချန်ပီယံအသင်းဟာ ဒီကနေ့ညမှာ ဆဲလ်တစ်နဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။



ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ မန်စီးတီးကသာ ရေပန်းအစားဆုံးဖြစ်နေပြီး ဒီအပေါ်မှာလည်း တစုံတရာ မခံစားရကြောင်း အန်ဆယ်လော့တီက အခုလိုပဲ ပြောပါတယ်။ အန်ဆယ်လော့တီက “ကျနော်တို့ ရီးရဲလ်မက်ဒရစ်က ရေပန်းအစားဆုံးမဖြစ်တဲ့အပေါ် ကျနော် မအံ့သြမိပါဘူး။ ဒါက ကောင်းမွန်တဲ့လက္ခဏာလို့တောင် ကျနော်က ထင်နေသေးတာပါ”

“ပြီးခဲ့တဲ့နှစ်ကလည်း ကျနော်တို့ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တာမှမဟုတ်တာပဲလေ။ နောက်ပြီး ဒီနှစ်မှာ ကျနော်တို့ အသင်းက ပိုမိုတိုးတက်လာပါတယ်။ မနှစ်ကဖြစ်ခဲ့သလိုမျိုးက ထပ်ပြီး ဖြစ်နိုင်ပါလိမ့်မယ်။ နောက်ဆုံးအချိန်ထိ ကျနော်တို့ တိုက်ပွဲဝင်သွားမှာပါ။ နောက်ပြီး ကျနော်တို့ ဗိုလ်လုပွဲထပ်ရောက်ဖို့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်စီးတီးတို့ကို ရှုံးထွက်၊ ကွာတား၊ ဆီမီးတို့မှာ အံ့အားသင့်ဖွယ် Comeback တွေနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲမှာလည်း လီဗာပူးကို ဗီနီရှပ်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့ပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက် (၁၄) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားဖြစ်လာခဲ့ပါတယ်။

ဒီအတွက်လည်း အန်ဆယ်လော့တီက “ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်က အမြဲတမ်း လူရိုသေ၊ ရှင်ရိုသေ အသင်းတသင်းဖြစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ သမိုင်းအစိတ်အပိုင်းက ကျနော်တို့အသင်းရဲ့ သမိုင်းအစိတ်အပိုင်းတခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က