ဖိုဒန်တယောက် အမှန်အကန် အော်ဟစ်ခံလိုက်ရတာပါ။

မန်စီးတီးကွင်းလယ်လူ ဖိုဒန်တယောက် ချစ်သူ ရီဘက်ကာနဲ့အတူ ပင်လယ်ကမ်းခြေမှာ အနားယူအပန်းဖြေနေပေမယ့် ပြဿနာတခုဖြစ်ပွားခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ဖိုဒန်ဟာ ပင်လယ်ထဲရေဆင်းကူးနေတုန်း သူ့ချစ်သူက ဖိုဒန်ရဲ့ ဖုန်းကို ယူကြည့်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ ရီဘက်ကာက ဖိုဒန်ကိုအော်ဟစ်ပြီး ပြဿနာတက်ခဲ့ကြတာဖြစ်ပါတယ်။



ရီဘက်ကာက “ငါတို့ နင့်ကို ဘယ်နေရာခေါ်သွားသွား၊ ဒါမျိုးက အမြဲတမ်းဖြစ်တယ်။ နင် ငါ့ကို သောက်တလွဲဦးနှောက်နဲ့ မိန်းမလို့ထင်နေတာလား” လို့ အော်ဟစ်ခဲ့ပါတယ်။ ရီဘက်ကာတယောက် ဖိုဒန်ကို တော်တော်လေး ဒေါသပေါက်ကွဲနေဟန်ရှိပြီး သူတို့ အနားယူတည်းခိုနေတဲ့ ဟိုတယ်ဝန်ထမ်းတွေရှေ့မှာတင် ပြဿနာဖြစ်ပွားခဲ့တာပါ။ 




ဖိုဒန်ကတော့ ရီဘက်ကာရဲ့ အော်ဟစ်ပြောဆိုမှုကို တခွန်းပါဒမျှ တုံ့ပြန်ပြောဆိုခဲ့တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရီဘက်ကာက “ငါနင့်ကို အံ့သြတယ်၊ အဲ့ဒီမိန်းမကို အကုန်ပြောပြလိုက်” လို့လည်း ထပ်မံပြောဆိုခဲ့ပါသေးတယ်။ ရီဘက်ကာရဲ့ပေါက်ကွဲမှုက တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ သိရပြီး မျက်မြင်သက်သေတွေရဲ့အဆိုအရ လုံခြုံရေးတွေပါ ပါဝင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ 

ဖိုဒန်တို့အတွဲဟာ ဆယ်ကျော်သက်အရွယ်တည်းက ချစ်ဇာတ်လမ်းတွေ တည်ဆောက်ခဲ့ကြတာဖြစ်ပြီး သားသမီးနှစ်ယောက် ထွန်းကားပြီးလည်းဖြစ်ပါတယ်။ မန်စီးတီးရဲ့ အခြားသောကစားသမား ဂရီလစ်ရှ်ကလည်း လတ်စ်ဗီးဂတ်စ်မှာ နည်းမျိုးစုံနဲ့ပျော်ပါးနေပြီး အမူးလွန်နေတဲ့ပုံတွေ၊ ရေကူးကန်ပါတီပွဲကျင်းပနေတဲ့ပုံတွေကို မကြာခဏ မြင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း ဂရီလစ်ရှ်နဲ့ဖိုဒန်တို့ နှစ်ယောက် ကလပ်မှာသွားရောက်ပျော်ပါးခဲ့ပြီး ဒီဓာတ်ပုံတွေက မီဒီယာတွေဆီကတဆင့် ပျံ့နှံ့ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကလည်း ဂွါဒီယိုလာက ဖိုဒန်နဲ့ဂရီလစ်ရှ်တို့ကို ဒေါသပေါက်ကွဲပြီး အချို့ပွဲစဥ်တွေကနေ ချန်လှပ်ခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က