သိန်း (၆၀၀)ခန့် ပါသွားတယ်လို့ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၅)ရက်နေ့ နေ့လည်ပိုင်းက တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ CB Bank မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး သိန်း (၆၀၀)ခန့် ပါသွားတယ်လို့ သိရပါတယ်။

လူလေးယောက်က ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး ဘဏ်လုံခြုံရေးတွေ ရှိနေတဲ့ကြားကနေဘဲ ဘဏ်ထဲထိဝင်ရောက်ကာ ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

“ ဒီနေ့ နေ့လယ် (၁:၂၀)လောက်ကဖြစ်သွားတာ။ ဘဏ်လုံခြုံရေးဝန်ထမ်းတွေလည်းရှေ့မှာရှိတယ်။ လူလေးယောက်ဝင်ရောက်ပြီး ငွေတွေယူသွားတယ်။ ငွေအမောင့်က သိန်း ၆၀၀ ဝန်းကျင်လို့ကြားတာပဲ။ အတိအကျတော့မသိဘူး။ တစ်ယောက်တစ်မျိုးပြောနေကြတာဆိုတော့။ ခုထိတော့ တရားခံတွေ ဖမ်းမိတယ်ဘာညာ မကြားသေးဘူး”လို့ ရေတာရှည်မြို့ ဒေသခံတစ်ဦးက Duwun ကိုပြောပါတယ်။

photo- We Love Yedashe

ဓားပြတိုက်ခံရတဲ့ CB ဘဏ်ဟာ ရေတာရှည်မြို့ (၂)ရပ်ကွက်မှာရှိတဲ့ CB ဘဏ်ခွဲလို့ သိရပါတယ်။

ဒီကနေ့ ည (၁၀)နာရီ အချိန်ထိ ဘဏ်ဓားပြတိုက်မှုနဲ့ ပတ်သက်လို့ တရားခံတွေ ဖမ်းဆီးရမိခြင်းမရှိသေးသလို ဘဏ်အနီးတစ်ဝိုက်ကိုတော့ လုံခြုံရေးတင်းကြပ်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၂)နေ့ကလည်း ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ်ရှိ KBZ ဘဏ်ကို ဓားပြတိုက်မှုဖြစ်ပွါးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က