ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြကြီး အဲရစ်တန်ဟက်ဂျ်ကတော့ ဘာစီလိုနာနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ရက်ရှ်ဖို့ဒ် ပြစ်ဒဏ်ဘောကျူးလွန်ခံရပေမယ့် ပင်နယ်တီမရခဲ့သလို တဖက်ကစားသမားအနီကတ်ပါ အပြမခံခဲ့ရလို့ ဒေါသထွက်နေပါတယ်။ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုလည်း သူက ဝေဖန်ခဲ့ပြီး ဒိုင်လူကြီးတွေက အမြင့်ဆုံးအရည်အသွေးမျိုးကို မပြသနိုင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ 

ဘာစီလိုနာကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်နေပေမယ့် ယူနိုက်တက်က ၇ မိနစ်အတွင်း ၂ ဂိုးသွင်းယူကာ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ နောက်ထပ်တဂိုးရမယ့် အခြေအနေမျိုးကို ရက်ရှ်ဖို့ဒ်က ဖန်တီးနိုင်ခဲ့ပြီး ဘာကာနောက်ခံလူကွန်ဒေးကို ကျော်ဖြတ်နေချိန်မှာပဲ ခြေထောက်ချင်းထိခိုက်မိခဲ့ပြီး ပစ်လဲကျခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောတစုံတရာသတ်မှတ်မပေးခဲ့ဘဲ ပွဲကို ဆက်ကစားစေခဲ့တာပါ။ 



တန်ဟက်ဂျ်က "၂-၁ ဖြစ်သွားရမယ့်အခိုက်အတန့်ပါ၊ မားကပ်စ်ကို သိသိသာသာပြစ်ဒဏ်ဘောကျူးလွန်ခဲ့တာပါ၊ ဒါက ပင်နယ်တီပါ၊ ဧရိယာစည်းအပြင်မှာဖြစ်ဖြစ်၊ အတွင်းမှာဖြစ်ဖြစ်ပါ၊ သေချာပေါက်အနီကတ်ပါ၊ ဒိုင်လူကြီးကို ဘာလို့လဲဆိုပြီး ကျနော်မေးခဲ့ပါတယ်၊ သူက ဧရိယာအပြင်မှာ၊ ပြီးတော့ ပြစ်ဒဏ်ဘောလည်းမဟုတ်ဘူးလို့ ပြန်ပြောခဲ့ပါတယ်၊ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်ဟာ ဒါကိုမြင်တွေ့နိုင်တဲ့ နေရာကောင်းမှာရှိနေခဲ့တာပါ"

"ပြိးတော့ VAR နဲ့လည်း မဆုံးဖြတ်ခဲ့ပါဘူး၊ ဒါက မကောင်းပါဘူး၊ တကယ်ကိုဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ၊ ဘာစီလိုနာရဲ့ ဖိအားပေးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒိုင်လူကြီးတွေက သူတို့ရဲ့ အမြင့်မားဆုံးအနေအထားမှာ မရှိခဲ့ကြပါဘူး၊ ကျနော်တို့ အသင်းအနေနဲ့လည်း အခွင့်အရေးလေးငါးကြိမ်လောက် ဖန်တီးထားရင် ဒါကို အဆုံးသတ်နိုင်ရမှာပါ၊ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်နေတုန်းပါပဲ၊ အခွင့်အရေးတွေအများကြီးရပေမယ့် အဆုံးမသတ်နိုင်ခဲ့လို့ စိတ်ပျက်ရပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ယူနိုက်တက်ပရိသတ်တွေကတော့ တန်ဟက်ဂျ်ရဲ့ အသင်းကို ချီးကျူးခဲ့ကြပြီး နူးကမ့်မှာ ဒီလောက်ထိ ကစားနီုင်မယ်လို့ မမျှော်လင့်ထားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အများစုကလည်း ဒီပွဲမှာ ယူနိုက်တက်ရှုံးနိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပြီး တကယ်တမ်းမှာတော့ ယူနိက်တက်က အနိုင်ရရှိလုနီးပါးအထိ ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က