လူကျွံနေတယ်လို့ ယူဆနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲစဉ်ရဲ့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ရက်ရှ်ဖို့ဒ်သွင်းယူခဲ့တဲ့ဂိုးက ကာဗာနီလူကျွံအနေအထားကနေ ဖန်တီးပေးခဲ့တာဖြစ်တယ်လို့ နည်းပြမိုယက်စ်က ပြောဆိုလိုက်ပါတယ်။ အဆိုပါဂိုးကို ခွင့်ပြုခဲ့တာကိုလည်း မိုယက်စ်က ဒေါသထွက်နေပြီး ယူနိက်တက်တို့ buildup လုပ်ခဲ့ချိန်မှာ ကာဗာနီက လူကျွံနေခဲ့တာလို့ ပြောဆိုခဲ့ပြီး VAR ကတော့ ဒါကို ဂိုးအဖြစ်ခွင့်ပြုခဲ့ပါတယ်။ 

ဒါပေမယ့် အနိုင်ဂိုးရှင်ရက်ဖို့ဒ်ကတော့ ဒါကို လူကျွံတယ်လို့ သူ မထင်မိကြောင်း Sky Sports နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ "ဒါက လူကျွံတာမဟုတ်ဘူးလို့ ကျနော်သိတယ်၊ မာရှယ်က ကာဗာနီကို ပေးပို့လိုက်ချိန်မှာလည်း လူမကျွံပါဘူး၊ အရမ်းကောင်းတဲ့ သွင်းဂိုးတဂိုးလို့ ကျနော်ခံစားမိပြီး ဒါကိုခွင့်ပြုခဲ့လို့လည်း ကျေးဇူးတင်ပါတယ်" လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ပါတယ်။ 

ဝက်စ်ဟမ်းနည်းပြမိုယက်စ်ကတော့ "နောက်ဆုံးစက္ကန့်သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့တာက လွယ်တော့မလွယ်ပါဘူး၊ ဒါက သေချာပေါက်ရှောင်လွှဲလို့မရဘူး၊ ညံ့ဖျင်းတဲ့ဆုံးဖြတ်ချက်တချို့ကို ကျနော်တို့လုပ်ခဲ့မိပါတယ်၊ သရေဆိုရင် ရလဒ်ကောင်းတယ်လို့ဆိုနိုင်ပြီး ဂိုးရဖို့အတွက် ကျနော်တို့ လုံလောက်တဲ့ကစားပုံတော့မရှိခဲ့ပါဘူး၊ သူတို့ကို အနိုင်ကစားဖို့ရောက်လာခဲ့ပေမယ့်လည်း ကျနော်တို့ ကံနည်းနည်းဆိုးခဲ့ပြီး မှန်ကန်တဲ့အရာတွေကို မလုပ်နိုင်ခဲ့ပါဘူး"

"သွင်းဂိုးကိုတော့ ကျနော်ထပ်မကြည့်တော့ပါဘူး၊ လူတိုင်းက အဆင်ပြေတယ်လို့ ထင်နေပုံပါပဲ၊ သူတို့ဆုံးဖြတ်ချက်တွေမှန်ကန်တယ်ဆိုတာဖြစ်ဖို့ VAR ကို ယုံကြည်ရပါမယ်၊ ရလဒ်အတွက် စိတ်ပျက်ရပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက်တော့ ကျနော်ကျေနပ်မိပါတယ်" လို့ မိုယက်စ်က ပြောဆိုသွားခဲ့ပါတယ်။ 


ယူနိုက်တက်ကတော့ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ အတွင်းဝင်ရောက်ခွင့်ရဖို့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က