၃ ရတဲ့သူ တဦးတည်းသာရှိခဲ့ပြီး ကျန်ကစားသမားအားလုံးက ၁ နဲ့ ၂ တွေချည်းပါပဲ။

ဘရန်ဖို့ဒ်ကို ပထမပိုင်းမှာပ​ဲ လေးဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် အရှက်တကွဲအကျိုးနည်းပုံစံနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက်မှာ အဲဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေရဲ့ rating သတ်မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ရာမှာတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းလောက်အောင်ရှိနေခဲ့ပါတယ်။ Mirror က ဖော်ပြခဲ့တဲ့ သတင်းမှာတော့ ယူနိုက်တက်ရဲ့ rating အများဆုံးရကစားသမားက ရက်ရှ်ဖို့ဒ်ဖြစ်ပြီး ၃ သာ ရရှိခဲ့တာဖြစ်ပါတယ်။ 

သဘောကတော့ ယူနိုက်တက်ကစားသမားတဦးမှ rating သတ်မှတ်ချက်မှာ ၄ တောင်မကျော်ခဲ့ဘဲ ဆိုးရွားတဲ့ခြေစွမ်းနဲ့ ပုံစံတွေကိုသာ ပြသခဲ့တယ်ဆိုတဲ့ အကောင်းဆုံးသက်သေလည်းဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ဒီဂီယာရဲ့ ဆိုးရွားလှတဲ့ အမှားအယွင်းတွေကနေ ပေးခဲ့ရတဲ့ သွင်းဂိုးနှစ်ဂိုးအပြင် အချိန်တိုအတွင်းမှာပဲ ထပ်ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် ယူနိုက်တက်ဟာ အဝေးကွင်းမှာ ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ရပါတယ်။ 

ဒီဂီယာရဲ့ rating သတ်မှတ်ချက်က ၁ သာရှိခဲ့ပြီး ဒါဟာ ပါဝင်ကစားရုံနဲ့ ရရှိနေမယ့် အမှတ်လည်းဖြစ်ပါတယ်။ ဒါလော့၊ မက်ဂွိုင်းယား၊ လီဆန်ဒရိုမာတီနက်ဇ်၊ လုခ်ရှော၊ ဖရက်ဒ်၊ ဖာနန်ဒက်စ်၊ ရော်နယ်ဒိုတို့က ၂ စီရရှိခဲ့ပြီး ဆန်ချိုက ၁၊ ရက်ရှ်ဖို့ဒ်က ၃ အထိရှိခဲ့ကာ အသင်းမှာ ၃ ရရှိတဲ့ တဦးတည်းသောကစားသမားလည်းဖြစ်ခဲ့ပါတယ်။ ဒီလို rating သတ်မှတ်ချက်မျိုးကတော့ ရှားရှားပါးပါးကို မြင်တွေ့ရတဲ့ သတ်မှတ်မှုလည်းဖြစ်ပါတယ်။ 

နည်းပြသစ်အဲရစ်တန်ဟက်ဂျ်ရောက်လာပြီးနောက် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ရာမှာ ကစားသမားသစ်တချို့၊ ကစားကွက်ပိုင်းအသစ်၊ နည်းစနစ်နဲ့ နည်းဗျူဟာအသစ်တွေချမှတ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ အဆင်မပြေသေးဘဲ ဆိုးရွားလှတဲ့ ရှုံးပွဲတွေကိုပဲ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အသင်းပရိသတ်တွေအတွက်လည်း တော်တော်လေးကို သောကရောက်စရာ အခြေအနေဖြစ်နေခဲ့ပါတယ်။ 

၂ ပွဲကစားပြီးချိန်မှာ ရမှတ်လုံး၀မရရှိသေးသလို ရဂိုး/ပေးဂိုးကွာဟချက်မှာလည်း -၅ အထိ ပြသနေလို့ ယူနိုက်တက်တို့ တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ ခက်ခက်ခဲခဲအားထုတ်ရမှာလည်းဖြစ်ပါတယ်။ လာမယ့်ပွဲအဖြစ် လီဗာပူးလ်ကို ရင်ဆိုင်ရမှာဖြစ်လို့လည်း သူတို့အနေနဲ့ အနိုင်ရဖို့က မသေချာဘဲ အဖွင့်ပွဲ ၃ ပွဲဆက်တိုက် အရေးနိမ့်မယ့်အရေးမှာတောင် ရှိနေပါတယ်။ 

Share

Loading Next Article...
က္က