အမှတ်ပေးချန်ပီယံဆုအတွက် ချဲလ်ဆီးနဲ့အပြိုင်ဖြစ်နေချိန်မှာ ဒီလိုမျိုးဖြစ်ပွားခဲ့ကြတာပါ။
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်နဲ့ ဂျိမ်းစ်မီလ်နာတို့ နှစ်ယောက် အဝတ်လဲခန်းထဲမှာ ထထိုးလုနီးပါး ပေါက်ကွဲခဲ့ကြတဲ့အကြောင်းကို လီဗာပူးကစားသမားဟောင်း ကလာဗန်က ဖွင့်ဟပြောကြားလာပါတယ်။


ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ (၂၀၁၇)၊ ဇန်နဝါရီမှာ ကစားခဲ့တဲ့ ဆန်းဒါးလန်းနဲ့ လီဗာပူးတို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းထဲမှာဖြစ်ပွားခဲ့တာပါ။ အဲ့ဒီပွဲမှာ ဆန်းဒါးလန်းက ဒီဖိုးရဲ့ ပင်နယ်တီနှစ်ဂိုး၊ လီဗာပူးဘက်က စတာရစ်ချ်နဲ့ မာနေးတို့က နှစ်ဂိုးနဲ့ ဒီလိုမျိုးသရေကျခဲ့တာဖြစ်ပါတယ်။


အဲ့ဒီရလဒ်ကြောင့် လီဗာပူးဟာ ချဲလ်ဆီးထက် (၁) ပွဲပိုကစား၊ ရမှတ် (၅) မှတ်လျော့ပြီး အဆင့် (၂) နေရာမှာ ရပ်တည်နေခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး ဒါနဲ့ပတ်သက်လို့ ကလာဗန်က “ခရစ္စမတ်ကာလနဲ့ ဇန်နဝါရီအစပိုင်းမှာ အကြီးမားဆုံး ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။”

“တစ်ကြိမ်ကျတော့ ကျွန်တော် ကောင်းကောင်းတော့မမှတ်မိဘူးဗျ။ ဒါပေမယ့် ဆန်းဒါးလန်းနဲ့အဝေးကွင်းပွဲဖြစ်မယ်။ ကလော့ပ်နဲ့မီလ်နာတို့ အဝတ်လဲခန်းထဲမှာ ထထိုးတော့မလိုပါဖြစ်တာပါ။ အဲ့ဒီတုန်းကလည်း Boxing Day ကာလဖြစ်နေပြီး အပြင်မှာပါ တကယ်ထိုးမလို့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မီလ်နာက စိတ်လျှော့ပြီး နောက်ဆုတ်သွားတာကြောင့် ဘာမှကြီးကြီးကျယ်ကျယ်မဖြစ်ခဲ့ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။


ကလာဗန်ဟာ အန်ဖီးလ်မှာ (၂) ရာသီကြာဖြတ်သန်းခဲ့ပြီးနောက် စီးရီးအေကလပ် ကယ်ဂလီယာရီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ မီလ်နာနဲ့ ကလော့ပ်တို့ ဒီလိုမျိုးပြဿနာတွေတက်ခဲ့ပေမယ့် နှစ်ယောက်အကြား ဆက်ဆံရေးကပျက်စီးသွားခြင်းမရှိဘဲ ကလော့ပ်အလိုရှိတိုင်း မီလ်နာက အကောင်းဆုံးခြေစွမ်းပြပြီး အသုံးတော်ခံနေဆဲဖြစ်ပါတယ်။ 

Share

က္က