ကွင်းလယ်ပိုင်းမှာ ကစားသမားလုံး၀မရှိတော့တာပါ။

လီဗာပူးလ်နဲ့ပွဲမှာ ရှာခါအနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် အာဆင်နယ်အသင်းကွင်းလယ်ပိုင်းမှာ ကစားပေးမယ့်သူ မရှိသလောက်ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် စပါးနဲ့ကစားရမယ့် လန်ဒန်ဒါဘီပွဲအတွက် ကွင်းလယ်ပိုင်းအခက်တွေ့ဖွယ်ရှိနေကာ နည်းပြအာတီတာအတွက် ခေါင်းခြောက်စရာအနေအထားနဲ့ ရင်ဆိုင်လိုက်ရတာလည်းဖြစ်ပါတယ်။ 

သောမတ်စ်ပါတေး၊ အယ်လ်နန်နီတို့ကို အာဖရိကဖလားပွဲအတွက် စေလွှတ်ထားရသလို အိုဒီဂတ်က ဖျားနာနေပြီး စမစ်ရိုးက ဒဏ်ရာပြသနာရှိနေတာကြောင့် အသင်းကွင်းလယ်ပိုင်းမှာ ကစားသမားမရှိတော့တာဖြစ်ပါတယ်။ ရှာခါကတော့ ဂျိုတာကို ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပြီး ပွဲပယ်ခံရမှာဖြစ်ကာ အာတီတာကိုယ်တိုင်က ရှုပ်ထွေးမှုရှိလာတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော်တို့မှာရှိတဲ့ ကိန်းဂဏန်းတွေအရဆိုရင် ကွင်းလယ်ကစားသမားမရှိတော့ပါဘူး၊ ဘာပဲလုပ်လုပ် သဘာ၀မကျတာကြောင့် တကယ်ကိုရှုပ်ထွေးနေပါပြီ၊ ဒါဘီပွဲကစားဖို့အတွက် အပိုတွန်းအားက ခွန်အားတွေကို ယူဆောင်လာပေးပါတယ်၊ ဒီအတွက်လည်း အကြောင်းပြချက်မရှိပါဘူး၊ ကျွန်တော်တို့ကစားရမှာပါပဲ၊ လီဗာပူးလ်နဲ့ပွဲက စွမ်းဆောင်ရည်အတွက်တော့ ကျနော်တကယ်ကျေနပ်ပါတယ်"

"ကျနော့်ကစားသမားတွေက သူတို့ရဲ့ကြီးမြတ်တဲ့တိုက်ပွဲဝင်မှုကို ပြသခဲ့ပါတယ်၊ ကျနော်တို့ ဘယ်တော့မှလက်မလျှော့ပါဘူး၊ ကျနော့်ကောင်လေးတွေကို အသိအမှတ်ပြုပါတယ်" လို့ အာတီက ပြောဆိုခဲ့ပါတယ်။ အနီကတ်ပြသခံခဲ့ရသူ ရှာခါကတော့ သူ့ရဲ့လူမှုကွန်ယက်ကတဆင့် ပရိသတ်တွေကို တောင်းပန်မှုတွေပြုလုပ်ခဲ့ပေမယ့် အားလုံးရဲ့ ဝေဖန်ပြစ်တင်မှုကိုခံနေရပါတယ်။ 


"အားလုံးကို ကျနော်တောင်းပန်ပါတယ်၊ အသင်းအတွက်လည်း အရမ်းဂုဏ်ယူပါတယ်၊ ဒီနေ့ညမှာ ပေးဂိုးမရှိအောင်ကစားပြီး သူတို့ရဲ့စိတ်ဓာတ်ကိုပြသခဲ့ပါတယ်' လို့ ရှာခါက ရေးသားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က