သဘာ၀ဆန်တဲ့အငွေ့အသက်တွေကိုခံစားရမယ့်နေရာလေးတစ်ခုပါ။

Pink Headed Duck Cafe ဘဲခေါင်းပန်းရောင်ဆိုတဲ့နာမည်ဆန်းဆန်းလေးနဲ့ ကော်ဖီဆိုင်လေးကတော့ ရှားပါးမျိုးစိတ်ဖြစ်တဲ့ပန်းရောင်ခေါင်းနဲ့ဘဲအမျိုးစားကိုကိုယ်စားပြုပြီးပေးထားတဲ့ဆိုင်နာမည်လေးပါ။ဘဲခေါင်းပန်းရောင်ရေဘဲကြီးတွေက မြန်မာနိုင်ငံမှာဆို အင်းတော်ကြီးကန်မှာတွေ့ရတတ်ပါတယ်။ဘဲခေါင်းပန်းရောင်ကဖေးကလည်းကချင်ပြည်နယ်အင်းတော်ကြီးကန်မှာစဖွင့်ခဲ့တာမို့ အမှတ်တရပေးဖြစ်တာလို့ သိရပါတယ်။



သဘာဝဆန်တဲ့နေရာလေး

ဆိုင်နေရာကရန်ကုန်မြို့လယ်ကောင်မှာဆိုပေမယ့်သဘာ၀ဆန်တဲ့အငွေ့အသက်တွေကိုခံစားရမယ့်နေရာလေးတစ်ခုပါ။ရန်ကုန်ကဆိုင်‌မှာလည်း အင်းတော်ကြီးကန်ကဆိုင် လိုပဲသဘာ၀အ ငွေ့အသက်တွေရအောင်ဖန်တီးထားတယ်လို့ ဆိုင်ရှင်တွေက ပြောပြပါတယ်။

“အင်းတော်ကြီးကန်ကဆိုင်လေးဆို အိမ်အောက်ထ ပ်လေးမှာဖွင့်ခဲ့တာ အင်းတော်ကြီးကန်စပ်မှာမို့ လာတဲ့သူတိုင်းက သဘောကျကြတယ်။ ကော်ဖီရဲ့ အရသာရော၊သဘာဝပတ်ဝန်းကျင်ရဲ့ အေးချမ်းမှု ကိုရော လာတဲ့သူတိုင်းကနှစ်သက်ကြတယ်။ အခုရန်ကုန်ဆိုင်လေးမှာလည်း မြိုလယ်ခေါင်မှာဆိုပေမယ့် မွန်းကြပ်တာမျိုးမဟုတ်ဘဲ အေးဆေးတဲ့ vibe မျိုးလေးနဲ့ အင်းတော်ကြီးကလိုပဲ သဘာဝအငွေ့အသက်တွေရအောင်ပြင်ဆင်ထားတယ်လို့ ဆိုင်ရှင် စတီဗင်က ပြောပါတယ်။

နွေးထွေးတဲ့ကော်ဖီတစ်ခွက်

ဒီဆိုင်မှာရောင်းချတဲ့ကော်ဖီကရောင်းတန်းအတွက်စိုက်ပျိုးထားတဲ့ကော်ဖီမျိုးမဟုတ်ဘဲ ကော်ဖီတောင်သူတွေစနစ်တကျအချိန်ပေးပြီးစိုက်ပျိုးထားကော်ဖီ စေ့ကိုအသုံးပြုတာဖြစ်ပါတယ် ။အနံအရသာနဲ့ ပြည့်စုံတဲ့ကော်ဖီတစ်ခွက်ဖြစ်လာဖို့ ကော်ဖီတောင်သူတွေရဲ့ကြိုးစားအားထုတ်မှု၊ဂရုစိုက်မှု၊နွေးထွေးမှုတွေကို ဒီကော်ဖီဆိုင်လေးမှာလေ့လာနိုင်ပါတယ်။

ကမ္ဘာကျော်တဲ့ကော်ဖီအရသာ

ကော်ဖီပင်တွေဟာစိုက်ပျိုးတဲ့ဒေသ မြေရေလေ ပေါ်မူတည်ပြီးအနံ့အရသာ ကွဲပြားတာဖြစ်ပါတယ် ။အသီးရဲ့အနံ့အရသာမျိုးခံစားရတာကလည်းမြန်မာပြည်ထွက်ကော်ဖီတွေရဲ့ ထူးခြားချက်ဖြစ်တယ် လို့ဆိုင်ရှင်တွေကပြောပြပါတယ်။ဒီလိုကမ္ဘာကျော်တဲ့ အရည်သွေးမြင့်မြန်မာ့ကော်ဖီရဲ့ အရသာကို ဘဲခေါင်းပန်းရောင်ကဖေးမှာသောက်သုံးရမှာပါ။

သဘာဝလက်ဖျော်အရသာ

ဒီဆိုင်မှာကော်ဖီကို ဖျော်စက်ကြီးတွေမသုံးဘဲ Aeropress coffee maker အသုံးပြုဖျော်ပေးတာဖြစ်ပါတယ်။စိုက်ပျိုးတာကနေကော်ဖီတစ်ခွက် ဖြစ်လာတဲ့အထိသဘာ၀နဲ့တသားတည်းခံစားသောက်သုံးရမယ့်ကော်ဖီဆိုင်လေးပါ။ဒါ့အပြင်ဆိုင်မှာရတဲ့ အချိုပွဲမုန့်လေးတွေကလည်း အရသာကောင်းတယ် လို့နာမည်ကျော်ပါတယ်။အမေရိကန်ပိုင်မုန့်နဲ့မြန့်မာ့ကော်ဖီအရသာကိုတွဲဖက်စားသုံးရင်းလိုက်ဖက်တဲ့အရသာကိုခံစားရမှာပါ။

ဈေးနှုန်းနဲ့ဆိုင်လိပ်စာ

ကော်ဖီနဲ့မုန့်တွေရဲ့စျေးနှုန်းက(၄၀၀၀)ကျပ်ကနေ(၁၀၀၀၀)ကျပ်အတွင်းပါ။ဆိုင်လိပ်စာလေးက အမှတ်၆၁အေ၊ ယောမင်းကြီးလမ်း ၊ ဒဂုံမြို့နယ်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က