ရော်နယ်ဒိုက စပိန်ကနေ မန်ချက်စတာကို ပြန်လာတော့မှာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာမယ့် တနင်္လာ (ဇူလိုင် ၄) မှာ ယူနိုက်တက်လေ့ကျင့်ရေးကွင်း ကာရင်တန်ကို လာရောက်သတင်းပို့မယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ နွေရာသီအားလပ်ရက်အဖြစ် မိသားစုနဲ့အတူ စပိန်နိုင်ငံ၊ အိုင်ဘီဇာမှာ အပန်းဖြေအနားယူခဲ့တာပါ။



လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေ စတင်နေပြီးဖြစ်ပေမယ့် ရော်နယ်ဒိုအပါအဝင် အဓိက,ကစားသမားအများစုက နိုင်ငံလက်ရွေးစင်အသင်းတွေနဲ့အတူ နေးရှင်းလိဂ်ပွဲစဥ်တွေ ဆင်နွှဲထားတာကြောင့် လက်ရှိအချိန်အထိ အနားရနေဆဲလည်းဖြစ်ပါတယ်။ တန်ဟက်ခ်ဟာ အသင်းသားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေတွေကြောင့်လည်း ပြီးခဲ့တဲ့ ဇွန် (၂၇) တည်းက ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို စတင်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုက လာရောက်ပူးပေါင်းတော့မှာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်အပါအဝင် အခြားသော အဓိက,ကစားသမားအချို့လည်း ဆက်တိုက်လာရောက်ပူးပေါင်းဖို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်းကို ဘရူနိုဖာနန်ဒက်စ်က “လာမယ့် ဇူလိုင် (၄) မှာ ကျနော် ရော်နယ်ဒိုနဲ့ ယူနိုက်တက်မှာတွေ့ဆုံပြီး လေ့ကျင့်ခန်းဆင်းခွင့်ရဖို့ မျှော်လင့်ထားပါတယ်” လို့ အတည်ပြုထားပါတယ်။

ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းခရီးစဥ်အဖြစ် ထိုင်းနိုင်ငံနဲ့သြစတြေးလျနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပါတယ်။ တန်ဟက်ခ်အတွက် ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကစားမယ့် လီဗာပူးနဲ့ ခြေစမ်းပွဲပဲဖြစ်ပါတယ်။ ဒီရာသီကြိုခြေစမ်းခရီးစဥ်ကို အဓိက,ကစားသမား အစုံအလင် လိုက်ပါဖို့ တန်ဟက်ခ်က မျှော်လင့်ထားပြီး ကစားသမားသစ်တွေ ခေါ်ယူနိုင်ခဲ့ရင်လည်း အခြေအနေပေါ် မူတည်ပြီး ပူးပေါင်းစေဖို့ ပြင်ဆင်ထားပါတယ်။ 

Share

Loading Next Article...
က္က