(၂၀၂၁) အတွင်းက အမှုတွေပါ ပေါ်ပေါက်လာခဲ့တာပါ။

မနေ့က လန်ဒန်မြောက်ပိုင်းမှာ အဖမ်းခံလိုက်ရတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမားဟာ လက်ရှိအချိန်မှာ အရင်ကမုဒိမ်းမှုနှစ်မှုပါ ထပ်မံပေါ်ပေါက်လာပြန်တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း နွေရာသီအားလပ်ရက်မှာ အသက် (၂၀) ဝန်းကျင် အရွယ် အမျိုးသမီးကို မုဒိမ်းပြုကျင့်ခဲ့တာကြောင့် တနင်္လာမနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။



ဒီကစားသမားကို ရဲတပ်ဖွဲ့က နာရီ (၃၀) ကြာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ဒီအတောအတွင်းမှာ နောက်ထပ်မုဒိမ်းမှုနှစ်မှု ထပ်မံပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှုကတော့ ပြီးခဲ့တဲ့ (၂၀၂၁) အတွင်း ဖြစ်ပျက်ခဲ့ပြီး အခုနောက်ဆုံးဖြစ်ရပ်နဲ့ မတူညီတဲ့ မိန်းကလေးတယောက်အပေါ် ကျူးလွန်ခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ဖော်ထုတ်ရခဲ့ပါတယ်။

အသက် (၂၀) အရွယ်နှောင်းပိုင်း အသက် (၃၀) ဝန်းကျင် အဆိုပါကစားသမားဟာ အသက် (၂၀) ဝန်းကျင် မိန်းကလေးနှစ်ယောက်ကို အခုလိုပဲကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒီကစားသမားက အာဆင်နယ် ဒါမှမဟုတ် စပါးက ကစားသမားဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ယူဆနေပြီး အာဆင်နယ် ကွင်းလယ်လူ သောမတ်စ်ပါတေးဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

ပါတေးဟာ ဂျာမနီကိုထွက်ခွာသွားတဲ့ အာဆင်နယ်ရဲ့ ရာသီကြိုခြေစမ်းခရီးစဥ်ကို မလိုက်ပါသွားဘဲ လန်ဒန်မှာပဲ ကျန်ရစ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကစားသမားရဲ့ အသက်အရွယ်အရလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အသက်အရွယ်ဝန်းကျင်ဖြစ်နေတာကြောင့် ပရိသတ်တွေက အခုလိုပဲ ပါတေးလို့ ထင်မြင်ယူဆနေကြတာပါ။ ဒါပေမယ့်လည်း ကစားသမားနဲ့အသင်းနာမည်ကိုတော့ တရားဝင်ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။ပြ ဖြစ်ပျက်ခတယ်လို့ သိရပါတယ်။ နတင်းန်ြ့

Share

Loading Next Article...
က္က