ခုံတစ်လုံးက အောင်ပွဲခံတဲ့နား ရောက်လာခဲ့တာပါ။

ယူနိုက်တက်ကစားသမားတွေဟာ စနေနေ့ညက ရှက်ဖီးယူနိုက်တက်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကံကောင်းထောက်မစွာနဲ့ပဲ ပလတ်စတစ်ထိုင်ခုံနဲ့ တိုက်ခိုက်ခံရမယ့်အရေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဒါလော့ရဲ့ သွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာပါ။



ပထမပိုင်းမှာ တွမ်မီနေးက ယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မိနစ်အနည်းငယ်အကြာမှာပဲ သူ့ရဲ့ လက်ထိဘောကတစ်ဆင့် ပင်နယ်တီပေးခဲ့ရပြီး ချေပဂိုး ခွင့်ပြုခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်တို့ ဒုတိယပိုင်း ပွဲကစားချိန်နှောင်းပိုင်းအထိ အနိုင်ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရတာပါ။
ဒါပေမယ့် ဧရိယာအပြင်ဘက်က ဒါလော့ရဲ့ အပြင်းကန်ချက်က ဂိုးဝင်သွားခဲ့တဲ့နောက် ယူနိုက်တက်တို့ ကံကောင်းခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးအဖြစ် နှစ်ပွဲဆက်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါလော့ ဂိုးသွင်းယူပြီးနောက်မှာ ယူနိုက်တက်ကစားသမားတွေက ထောင့်ကန်ဘောအလံတိုင်နားမှာ အောင်ပွဲခံခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားတွေဟာ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ယူနိုက်တက်ပရိသတ်တွေရှေ့မှာပဲ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ ဒီလိုမျိုး အောင်ပွဲခံနေတဲ့ အနီးတဝိုက်ကို ပလတ်စတစ်ထိုင်ခုံအဖြူတစ်လုံး ကျရောက်လာခဲ့ပြီး ယူနိုက်တက် ကစားသမားတွေကို ထိမိခဲ့ခြင်းတော့မရှိပါဘူး။
ဒီထိုင်ခုံဟာ ရှက်ဖီးယူနိုက်တက်ပရိသတ်တွေက ယူနိုက်တက်ပရိသတ်တွေရှိရာဘက်ကို ပစ်လိုက်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ထိုင်ခုံက လိုရာမရောက်ခဲ့ဘဲ ကြော်ငြာဆိုင်းဘုတ်အနောက်ကိုသာ ရောက်ရှိသွားခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဒီထိုင်ခုံဟာ ရှက်ဖီးယူနိုက်တက်ပရိသတ်တွေက ပစ်လိုက်တယ်လို့ ယူဆကာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

Share

Loading Next Article...
က္က