ရွိုင်ကိန်းက အီယန်ရိုက်နဲ့ပါ ငြင်းခုန််သွားခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်နဲ့ ပတ်သက်လို့ ကစားသမားဟောင်းကြီး ရွိုင်ကိန်းက တော်တော်လေးကို မှိုချိုးမျှစ်ချိုး ပြောကြားခဲ့ပါတယ်။ ဒီကစားသမားနဲ့ပတ်သက်လို့ ရွိုင်ကိန်းနဲ့ အီယန်ရိုက်အကြား ငြင်းခုန်မှုတွေ ရှိခဲ့တာပါ။



ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ အသင်းအတွက် နှစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရွိုင်ကိန်းက “ဘရူနိုက အသက် (၂၉) နှစ်ရှိနေပါပြီ။ သူ့ကစားသမားဘဝမှာ အခုထိ ဘာအောင်မြင်မှုမှ မရသေးပါဘူး။ သူက အရည်အချင်းရှိတဲ့ ကစားသမားလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူ့ဘေးက လူတွေကို ပိုကောင်းအောင် လုပ်ပေးနိုင်လို့လား”

“အဖြေက ရာနှုန်းပြည့်နိုးပါပဲ။ သူက အသင်းအတွက် အကောင်းဆုံးလုပ်ပေးနေတာ မှန်ပေမယ့် သူနဲ့အတူ ပါလာအောင်လည်း ဆွဲခေါ်နိုင်ရပါမယ်။ အသင်းနိုင်ပွဲရနေချိန်မှာ သူက အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အမြဲတမ်း အနိုင်မရနိုင်ပါဘူး။ သူက ဒီအရှိန်ကို ဘယ်လို ရပ်တန့်ပြီး သူ့ကြွက်သားတွေကို အနားပေးနိုင်မှာလဲ”

“တစ်ခါတလေ ပွဲကြီးတွေမှာ ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေးက အရေးကြီးပါတယ်။ ဒါကပဲ ခင်ဗျားကို လမ်းကြောင်းပေါ်တင်ပေးမှာပါ” လို့ ပြောခဲ့ပါတ​ယ်။ အီယန်ရိုက်ကတော့ “ဘရူနိုက ဒါကို လုပ်ပြနိုင်ခဲ့တယ်လေ” လို့ ထောက်ပြချိန်မှာ ရွိုင်ကိန်းက “ဘယ်မှာလဲ သက်သေ? သက်သေက ဘယ်မှာလဲ”

အီယန်ရိုက်က “သူ ကစားတဲ့ပုံနဲ့ အသင်းကို ကယ်တင်နေတဲ့ပုံစံပဲလေ” လို့ အချေအတင်ဖြစ်ခဲ့ပြီး ရွိုင်ကိန်းက “အသင်းကို သူက ကယ်တယ်တဲ့လား? သူ့ရဲ့ ကစားသမားဘဝကို ကြည့်လိုက်ပါဦး။ ဘာအောင်မြင်မှုမှ မရပါဘူး။ တကယ်လို့ သူက အကောင်းဆုံးတွေထဲက တစ်ယောက်ဆိုရင် ဒီအတွက် တာဝန်ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က