ပွဲအပြီးမှ အသင်းဝတ်စုံဝတ်ပြီး ကွင်းထဲ အောင်ပွဲဝင်ခံခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက အိုးထရက်ဖို့ဒ်က ၎င်းရဲ့ တောက်ပတဲ့ ကစားသမားဘဝအတွင်း ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပေမယ့် ၁၉၉၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ဥရောပဖလားကို ရရှိပြီး အောင်ပွဲခံခဲ့ပြီးနောက် အရှက်ရမိခဲ့တာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပေါလ် စခိုးဟာ နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲပယ်ခံထားခဲ့ရတာဖြစ်ပြီး နာကျင်အချိန်ပို သွင်းဂိုး ၂ ဂိုးကြောင့် ဆာအဲလက်စ် ဖာဂူဆန်ရဲ့အသင်းဟာ မမေ့နိုင်စရာ သမိုင်းဝင်ဖလား ၃ လုံးတပြိုင်နက် ရရှိခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ပေါလ် စခိုးဟာ ဂျူဗင်တပ်ကွင်းလယ်ကစားသမား ဒက်စ်ချမ့်(ယခု ပြင်သစ်လက်ရွေးစင်နည်းပြ)ကို ဆီမီးဖိုင်နယ်အဆင့်မှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် အဝါကတ်ပြား ပြသခံခဲ့ရပြီးနောက် ဗိုလ်လုပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။



ရွိုင် ကီးန်လည်း ဗိုလ်လုပွဲကို ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပြီး ပွဲအပြီးမှာတော့ အသင်းဝတ်စုံတွေဝတ်ပြီး ပေါလ် စခိုးနဲ့အတူ ၂ ယောက်သား အသင်းဖော်တွေနဲ့ အတူ ကွင်းအတွင်း အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ "ခင်ဗျား ခဏလေးတောင် အဲဒီအသင်းရဲ့ တစ်စိတ်တပိုင်းလို့ မခံစားရပါဘူး။ လူအချို့က အဲဒါက ထူးဆန်းတယ်လို့ ပြောကြတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား ဒီအဆင့်ရောက်ဖို့ ၁၅ ပွဲ၊ ၁၆ ပွဲလောက် ခင်ဗျား ဝင်ကစားခဲ့ရလို့ပါ။ ဒါပေမယ့် ခင်ဗျားက ပွဲကြည့်စင်မှာရှိနေပြီး ပွဲအပေါ်မှာ ဘာထိန်းချုပ်မှုမှ မရှိခဲ့ဘူး။ ဒီပွဲကို ခင်ဗျားအနေနဲ့ လွှမ်းမိုးနိုင်ဖို့ လုပ်လို့ရတာ ဘာမှမရှိပါဘူး"

"ကျွန်တော်တို့ ပွဲအပြီးမှာတော့ ကွင်းထဲကို သွားခဲ့ကြတယ်။ ဒါပေမယ့် ခင်ဗျား ရှက်နေတယ်။ ရိုးရိုးသားသားပြောရရင် အဲဒါက အရှက်ရစရာကောင်းပါတယ်"လို့ BT Sport ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က