ကာဗာလင်ကို အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အန်တိုနီကို လက်ရှိအချိန်မှာ ကာဗာလင်ကပဲ ထပ်မံပြီး လူလိမ်တစ်ယောက်အဖြစ် ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ အန်တိုနီက ယူနိုက်တက်နဲ့လည်း ပူးပေါင်းခြင်းမရှိတော့ပါဘူး။
အန်တိုနီဟာ ကာဗာလင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တရားစွဲဆိုခံထားရပါတယ်။ ကစားသမားဘက်ကတော့ ဒီအရာတွေအပေါ်မှာ ငြင်းဆန်ခဲ့ပြီး ကာဗာလင်နဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စကလည်း အလုပ်ကိစ္စနဲ့ တွေ့ဆုံခဲ့တာမျိုးပဲဖြစ်တယ်လို့ သီးသန့်အင်တာဗျူးမှာ ဖြေရှင်းခဲ့ပါတယ်။
ဒါ့အပြင် အန်တိုနီက သူတို့နှစ်ယောက် စကားပြောထားတဲ့ Chat တွေရဲ့ မှတ်တမ်းတွေကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ပါတယ်။ အန်တိုနီကို ဘရာဇီးလက်ရွေးစင်အသင်းကလည်း ထုတ်ပယ်ထားပေမယ့် သူ့မှာ အပြစ်မရှိတာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာရမယ်လို့ မထင်ကြောင်းလည်း အဆိုပါ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ကာဗာလင်ကတော့ ဒီမှတ်တမ်းတွေကို ပြန်လည်ငြင်းဆန်ခဲ့ပြီး အန်တိုနီ ထုတ်ပြခဲ့တဲ့ အချက်အလက်တွေက သူငယ်ချင်းဘဝကအရာတွေသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကာဗာလင်က “အန်တိုနီ ထုတ်ပြခဲ့တဲ့ Screenshot တွေကလည်း ကျွန်မတို့ သူငယ်ချင်းအဖြစ်နဲ့ ပြောထားတုန်းက အကြောင်းအရာတွေပါ”
“နောက်ပြီး ကျွန်မနဲ့ ပြောထားပုံမရတဲ့ အတုအယောင်အချက်အလက်တွေလည်း ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဘက်မှာ ဘယ်သူမှမရှိလို့ပါပဲ။ ဒီအချက်တွေကပဲ အန်တိုနီက လူလိမ်တစ်ယောက်ဆိုတာကို သက်သေပြနေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။