ခရစ္စတန်ဆန်တယောက် အရိပ်အယောင်တွေပြခဲ့တာပါ။

ဘာစီလိုနာနောက်ခံလူ ခရစ္စတန်ဆန်ဟာ သူ့ရဲ့ အင်စတာဂရမ် ပရိုဖိုင်ဓာတ်ပုံက ဘာစီလိုနာနဲ့ပတ်သက်တဲ့ပုံကို ဖျက်ပစ်ခဲ့ပြီး ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ရခဲ့တုန်းက ဓာတ်ပုံကိုသာ ပရိုဖိုင်မှာ ပြန်လည်ပြောင်းလဲခဲ့တယ်လို့ သိရှိရပါတယ်။ ခရစ္စတန်ဆန်ဟာ လက်ရှိနွေရာသီမှာ ချဲလ်ဆီးကနေ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတာပါ။



ဒီကစားသမားဟာ လက်ရှိနွေရာသီစျေးကွက်ထဲမှာ ဘာစီလိုနာရဲ့ ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီး သူ့နောက်မှာ ကက်ဆီ၊ ရာဖင်ဟာ၊ လီဝန်ဒေါစကီးနဲ့ ကွန်ဒေးတို့ကို ဘာစီလိုနာက ဆက်လက်ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအနေနဲ့ ဒီကစားသမားအသစ်တွေထဲက ဘယ်သူ့ကိုမှ အသင်းရဲ့တရားဝင်ကစားသမားအဖြစ် မှတ်ပုံမတင်နိုင်သေးပါဘူး။

အသင်းရဲ့ဝင်ငွေ၊ ထွက်ငွေမမျှတတဲ့အနေအထားကြောင့် ဒီပြဿနာကို ဘာစီလိုနာတို့ ဖြေရှင်းနေရဆဲဖြစ်ပြီး လာလီဂါကတော့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှသာ ဘာစီလိုနာကို ကစားသမားသစ် မှတ်ပုံတင်ခွင့်ပေးသွားမယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ စာချုပ်သစ်ပြန်ချုပ်ထားတဲ့ ဒမ်ဘီလီ၊ နောက်ခံလူ ဆာဂျီရော်ဘတ်တိုတို့ကိုလည်း မှတ်ပုံမတင်နိုင်သေးပါဘူး။

အဲ့ဒါကြောင့်လည်း ခရစ္စတန်ဆန်နဲ့ကက်ဆီတို့ဟာ လာမယ့် စနေနေ့မတိုင်ခင်အထိ သူတို့ကို အသင်းဘက်က တရားဝင်မှတ်ပုံမတင်ပေးနိုင်သေးဘူးဆိုရင် အသင်းကနေ ပြန်လည်ထွက်သွားဖို့ ပြင်ဆင်ထားကြောင်း မနေ့ညကစလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ခရစ္စတန်ဆန်က အခုလိုပဲ သူ့ရဲ့အင်စတာဂရမ်ကနေ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ခရစ္စတန်ဆန်နဲ့ကက်ဆီတို့ရဲ့ စာချုပ်မှာလည်း သူတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ထွက်ခွာခွင့်ပြုနိုင်တဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားပါသေးတယ်။ ဘာစီလိုနာဟာ လက်ရှိနွေရာသီမှာ ကစားသမားသစ်တွေအတွက် ယူရိုသန်း (၁၅၀) ကျော်အသုံးပြုထားပြီး နွေရာသီမှာ အသုံးစရိတ်အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားပေမယ့် ဒီကစားသမားတွေကို တရားဝင်ဖြစ်ဖို့ ကြိုးစားနေရဆဲလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က