ရုရှားရောက် ဥရောပကစားသမားတွေ အကုန် စာချုပ်ဖျက်သိမ်းခွင့်ရှိတယ်လို့ဆိုတာပါ။

ဖီဖာနဲ့ယူအီးအက်ဖ်အေတို့ဟာ မနေ့ညပိုင်းက ရုရှားလက်ရွေးစင်နဲ့ ရုရှားကလပ်အသင်းတွေအားလုံးကို လက်ရှိယှဥ်ပြိုင်ကစားနေတဲ့ ပြိုင်ပွဲတွေကနေ ထုတ်ပယ်ခဲ့ပြီးဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ်ဆင်နွှဲပြီးနောက်ပိုင်း ရုရှားနဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ်ခြေစစ်ပွဲ ကစားမှာ မဟုတ်ဘူးလို့ ပိုလန်၊ ချက်၊ ဆွီဒင်တို့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။



ဒါပေမယ့် ကနဦးမှာ ဖီဖာက ရုရှားအလံ၊ နိုင်ငံတော်သီချင်းတွေ မပါဝင်ဘဲ ကြားကွင်းမှာ ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဝေဖန်မှုတွေ တော်တော်လေးပြင်းထန်ခဲ့တာကြောင့် ဖီဖာအနေနဲ့ နေ့မကူးဘဲ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ကာ ရုရှားလက်ရွေးစင်ကို ပြိုင်ပွဲက ထုတ်ပယ်ခဲ့သလို ရုရှားကလပ်တွေလည်း ယူအီးအက်ဖ်လက်အောက်ရှိ ပြိုင်ပွဲတွေကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

တဖက်မှာလည်း ရုရှားကလပ်တွေဆီ ရောက်ရှိနေတဲ့ ဥရောပကစားသမားတွေအရေးနဲ့ ပတ်သက်လို့ ဖီဖာအပေါ် တောင်းဆိုမှုတွေလည်းရှိနေပြန်ပါတယ်။ အဲ့ဒါကတော့ ရုရှားကလပ်တွေအနေနဲ့ အသင်းမှာရှိနေတဲ့ ဥရောပ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့အတွက် ဖီဖာက ညွှန်ကြားပေးဖို့ပဲဖြစ်ပါတယ်။

နယ်သာလန်သတင်းဌာနတခုရဲ့အဆိုအရ ရုရှားမှာရှိနေတဲ့ ဥရောပကစားသမားတွေဟာ သူတို့ရဲ့ စာချုပ်တွေကို လျော်ကြေးတစုံတရာမပေးဘဲ ပယ်ဖျက်ခွင့်ရှိသင့်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဖီဖာအနေနဲ့ ရုရှားမှာရှိနေတဲ့ ဥရောပကစားသမားတွေရဲ့ အပြောင်းအရွှေ့ပေါ်လစီတွေနဲ့ ပတ်သက်လို့ အပြောင်းအလဲလုပ်သင့်တယ်လို့ ဆိုနေပါတယ်။

FIFPro ရဲ့ ဘုတ်အဖွဲ့ဝင် လူးဝစ်အက်ဗာ့တ် က “ဖီဖာအနေနဲ ရုရှားမှာရှိနေတဲ ဥရောပကစားသမားတွေကို လျော်ကြေးမပေးရဘဲ စာချုပ်ဖျက်သိမ်းခွင့်ပြုသင့်ပါတယ်။ တတ်နိုင်သလောက် အမြန်ဆုံး အကောင်အထည် ဖော်သင့်ပါပြီ။ အခု လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေက လျော်ကြေးတပြားမှမပေးဘဲ စာချုပ်ဖျက်သိမ်းဖို့ လုံလောက်တဲ့ အနေအထားပါ”

“ကျနော်တို့ ဒါကို ဆွေးနွေးနေပါတယ်။ ကစားသမားတွေအနေနဲ့ ရုရှားကနေ လွတ်လွတ်လပ်လပ် ထွက်ခွာသင့်တယ်လို့ ကျနော်တို့ ယုံကြည်ပြီး ဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင် တတ်နိုင်သလောက် အမြန်ဆုံးလုပ်ဆောင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က